ဟိုဆော့ အရင်ရက်အနည်းငယ်ထဲက အာရုံတွေထဲမှာ မကောင်းတဲ့ အငွေ့အသက်တွေ ခံစားနေရတာမို့ တောင်တော်သခင်ကို အကူအညီတောင်းဖို့ မြို့ထဲထွက်လာခဲ့သည်....မနိုင်စိန် ချစ်သူလေးကလည်း မပါမဖြစ် ဝတ်ရုံတော်ဆွဲပီး နောက်ကတကောက်ကောက် ပါလာပြန်သေးသည်.....
" ဟိုဆော့ မင်းကဘယ်လိုလုပ် ငါ့အိမ်ရောက်လာတာလည်း...သူကရော ဘယ်သူလည်း...."
" အရှင်မသိတာလည်း မဟုတ်ပဲနဲ့ လျှောက်မေးနေပြန်ပီ...ဘာကြောင့်လာတာလည်းလဲ သိရက်သားနဲ့...."
" ဟျွန်း....ဟျွန်းဂီး...သူ...သူကဘယ်သူလဲ....ဟျွန်းဂီးက ဘာလို့ တလေးတစားဆက်ဆံနေတာလဲ...."
သူငယ်ချင်းဖြစ်သူ မင်းကြီးနဲ့ တစ်ထေရာထဲ တူနေသော ဟီးဆွန်းခေါ် တောင်တော်သခင်(၂)ကို မျက်လုံးများပြူးကျယ်ဝိုင်းစက်စွာကြည့်နေပြန်သည်....လက်တွေကလည်း အငြိမ်မနေပဲ မျက်နှာတစ်ပြင်လုံး လိုက်ကိုင်နေတာ တစ်မျက်နှာလုံး သူ့လက်ရာတွေချည်းထပ်နေပီ....
" နောက်မှ ယောင်းငယ်လေး နားလည်သွားလိမ့်မယ်...ခုအရေးကြီးတာလေးတွေ အရင်လုပ်ကြရအောင်နော်...အရှင့်အကူအညီတွေ တကယ်လိုအပ်နေပီအရှင်...."
ဒီလိုနဲ့ပဲ လူ့ဘောင်လောကထဲ ဝင်မပါတတ်ပဲ လေးညို့ရှင်လေးနဲ့ပဲ အေးအေးဆေးဆေးသာယာနေတတ်တဲ့ ဟီးဆွန်းတစ်ယောက် ဂူမီဟိုကောင် အပြောကောင်းမှုကြောင့်ပဲ ကူညီပေးခဲ့ရတော့သည်....
ဟိုဆော့ သခင်ဟီးဆွန်းအိမ်က ထွက်လာတာနဲ့ ဒုတိယအစီအစဉ်ဖြစ်တဲ့ မင်းကြီးကို လုပ်ကြံသူတွေကို ရှင်းလင်းရန် အနောက်က ထပ်ချပ်မခွါ လိုက်လံစောင့်ရှောက်ခဲ့သည်....မယ်တော်ဂျွန်း စီစဉ်ထားသမျှ အကုန်လိုက်လံတားဆီးနိုင်ခဲ့သည်....
သို့သော် သူလိုက်လံတားဆီးလို့ မရနိုင်တဲ့ သိပ်မကြာခင်မှာ ဖြစ်ပေါ်လာမယ့် အရာတစ်ခုကို ကောင်းကင်မင်းကြီးက ကြိုတင်ရေးဆွဲထားပီးဖြစ်တာမို့ လျစ်လျူရှု၍သာ နေရတော့မည်လေ...
—————————————-
" အကို တို့နှစ်ယောက် ချစ်ကြတာကို ပြည်သူတွေသိသွားကြပီ...ကိုယ်တော် ဘယ်သူ့ကိုရွေးရမှန်း မသိတော့ဘူးကွယ်...."
YOU ARE READING
SARANG
Historical FictionJeon..... အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ မသိပေမယ့် ကျနော်သိတဲ့အချစ်က အကိုတော်ပဲ...အများကပြောကြတာတော့ မဖြစ်နိုင်တာကို မိုက်ရူးရဲဆန်တာတဲ့လေ....ပြောချင်တာပြောကြပါစေ...ဒီဘဝမှာ မဖြစ်နိုင်ခဲ့ရင်တောင် နောင်ဘဝအဆက်ဆက် အကိုတော်နားမှာပဲ ကပ်တွယ်နေမယ့် လူသားကျနော်...