အချိန်တွေ တဖြည်းဖြည်းတိုက်စားလာခဲ့တာ မင်းသားလေးနှစ်ပါးလဲ ဆယ့်ငါးနှစ်တင်းတင်းပြည့်ခဲ့ပီ....Jimin ကိုယ်ရံတော်နဲ့ အတူ နန်းတော်တွင်းမှ ခိုးထွက်ရန် ဂျီကျနေခြင်းသာဖြစ်သည်....
" ကိုယ်တော့်စကားကို နားမထောင်တာပေါ့ ကိုယ်ရံတော်မာ...."
" မဟုတ်ရပါဘူးကိုယ်တော်လေးရယ်....နန်းတော်ပြင်ပမှာ အန္တရာယ်များလွန်းလို့ပါ...."
" မရဘူး.....ကိုယ်တော်လိုချင်ရင် ဖြစ်မှကြိုက်တာ သိတယ်မလား....မလိုက်ချင်နေခဲ့....တစ်ယောက်ထဲသွားမယ်...."
ကိုယ်ရံတော်ကြီးလဲ ခေါင်းတခါခါနှင့်သာ ငြင်းနေရသည်....မင်းသားလေးစိတ်ကို သိတာကြောင့် အလိုလိုက်ဖို့ပင် ပြင်ရတော့မည်....ထိုစဉ် မင်းသားငယ် Jungkook ရောက်လာမှ ကိုယ်ရံတော်ကြီး အားတက်သွားရသည်....
" ဘာဖြစ်တာလဲ အကိုတော်ရယ်....Jungkook ကိုပြောပါအုံး....ဘယ်အကြောင်းကြောင့် မျက်နှာဖောင်းဖောင်းလေးက မဲ့ကျနေရတာလဲဗျ...."
" နန်းတော်ပြင်ကို လျှောက်ကြည့်ချင်လို့တဲ့လေ....လုပ်ပါအုံး မင်းသားလေးရယ်...."
Jungkook ကိုယ်ရံတော်မာကို မျက်စိမှိတ်ပြလိုက်တော့ အလိုက်တသိပဲထွက်သွားပေးသည်....မင်းသား Jungkook စကားဆို တစ်ခွန်းထက်ပိုမပြောရတဲ့ အိမ်ရှေ့မင်းသားလေးအကြောင်း အသိဆုံးမို့ပင်....
" ညီတော်ပဲစဉ်းစားကြည့်လေ....အကိုတော်တို့ ဒီလိုပွဲတော်ရက်မှ မထွက်ရရင် ဘယ်ချိန်သွားထွက်မလဲ....အဲ့ဒါကို မာက အတင်းတားနေတယ်လေ...."
ပါးဖောင်းဖောင်းလေးဖြင့် စကားတစ်ခွန်းထွက်လာတိုင်း ပြုံးယောင်သန်းသွားသော နှုတ်ခမ်းဖူးဖူးလေးနှင့် လက်ဟန်တွေပါ ပါလာကာအားရပါးရပြောနေသည့် အကိုတော်က သူ့ဘဝတွင် အရေးအပါဆုံးလူသားမဟုတ်ပါလား....
" ဟုတ်တာပေါ့....ကြည့်စမ်း....အကိုတော်ကို စိတ်ညိုညင်အောင်လုပ်ရဲတဲ့ မာ့ကို ညီတော်အပစ်ပေးလိုက်မယ်နော်....
ဒါပေမယ့် အပြင်မှာ ပွဲတော်ရက်ဆိုတော့ လူအရမ်းများတယ်အကိုတော်ရဲ့...အကိုတော့်ကိုယ်ပေါ်မှာ ခြစ်ရာလေးတစ်ခုထင်သွားရင်တောင် ညီတော်ငိုရမှာလေ....အကိုတော်က ညီတော့်အတွက် အဖိုးတန်ဆုံးလူသားလေးလေ....ဒါတောင် သွားချင်သေးတာလား...."
YOU ARE READING
SARANG
Historical FictionJeon..... အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ မသိပေမယ့် ကျနော်သိတဲ့အချစ်က အကိုတော်ပဲ...အများကပြောကြတာတော့ မဖြစ်နိုင်တာကို မိုက်ရူးရဲဆန်တာတဲ့လေ....ပြောချင်တာပြောကြပါစေ...ဒီဘဝမှာ မဖြစ်နိုင်ခဲ့ရင်တောင် နောင်ဘဝအဆက်ဆက် အကိုတော်နားမှာပဲ ကပ်တွယ်နေမယ့် လူသားကျနော်...