" ဟျွန်းဂီး...ယောင်းငယ်ရောလိုက်ခဲ့မယ်လို့ ပြောနေတယ်နော်..."
" မဖြစ်ဘူးလေ ယောင်းငယ်လေးရဲ့...ဟျွန်းဂီးက တာဝန်အရသွားရမှာလေ..."
" ဘာလဲ တောထဲကကိစ္စပီးသွားတာနဲ့ ပစ်သွားတော့မှာပေါ့..ယောင်းငယ်ကတော့ ဘဝကြီးမှတ်ပီး ချစ်ပေးလိုက်ရတာ...ဟျွန်းဂီ ဘယ်သူ့အတွက်လုပ်ပေးနေလဲ..ဘာတွေလုပ်နေလဲ အကုန်သိပီးသား..နော်..."
" သိပေမယ့် အန္တရာယ်တောထဲ ဆွဲမခေါ်ရက်ဘူးကလေးငယ်ရယ်..."
" ဘဝတွေတောင် ထပ်တူချပီး ချစ်ခဲ့ပီးပီ...ယောင်းငယ် ဟျွန်းဂီးနဲ့ တစ်ယူဇနာတောင် အလှမ်းဝေးတယ်မခံစားချင်ဘူး...အဲ့တာကြောင့် ခေါ်သွားပေးပါ...မင်းကြီးဆိုတာ ယောင်းငယ်ရဲ့သူငယ်ချင်းအရင်းကြီးလေ...ဂျွန်းငယ်လေးကလည်း ယောင်းရဲ့ တစ်ဦးတည်းသော ညီလေးလေ...ဘာတွေစိုးရိမ်နေတာလဲ...လိုက်ခဲ့မယ်နော်..နော်လို့..."
ဘယ်လိုမှပြောမရတဲ့သူလေးက ကပ်ပီးချွဲနေပြန်ပီ...ခေါင်းမာတတ်တဲ့အကျင့်က ညီအကိုနှစ်ယောက် တစ်ထပ်ထဲပင်...
" ဟျွန်းဂီးယောင်းငယ်စိတ်ထဲ ဘာတွေရှိလဲ သိပါတယ်...ဒါပေမယ့်..."
" ဘယ်လောက်ချစ်နေလဲ မခွဲနိုင်ဖြစ်နေလဲဆိုတာလဲ သိရက်နဲ့ ဘာတွေစိုးရိမ်နေပြန်တာလဲ အချစ်ရဆုံးလေးရဲ့....ယောင်းငယ်စိတ်ထဲ ဘာတွေဖြစ်နေလဲ ဟျွန်းဂီးကသိနေတော့ တစ်ခါတစ်လေလည်း ရှက်မိသား...အဲ့ဒါကြောင့် အရှက်ပြေ နမ်းပေးအုံး..."
" ဟင်...ရှက်ရင် ဝေးဝေးမှာနေရမှာလေ...မဟုတ်ဘူးလား..."
အေးစက်စက်ရုပ်ကြီးနဲ့ မထီတရီစနေသော အချစ်ရဆုံးကြီးကို ထယ်ယောင်းအသဲယားလာတာမို့ ခါးပေါ်ထိ ခုန်တက်ပီး တရွှတ်ရွှတ်နမ်းနေမိပြန်ပီ...ဒီစကားနည်းလွန်းတဲ့ သူကြီးကို ဘယ်ကဘယ်လိုချစ်မိသွားမှန်းကို မသိတော့...ကိုယ့်နှလုံးသားကိုယ်မေးကြည့်မိတော့ " သူမရှိခဲ့ရင် အခါခါသေသွားနိုင်တယ်.." တဲ့လေ...
" ဟိတ်...လူတွေမြင်သွားမယ်လေ..."
" မြင်သွားတဲ့လူတွေရဲ့ မှတ်ဥာဏ်တွေ ဖျောက်ပစ်လိုက်ပေါ့..."
" ကိုယ်မနိုင်တာ ဒီကောင်လေးတစ်ယောက်ပဲ ရှိတော့တယ်...အား...လေးလိုက်တာ..."
YOU ARE READING
SARANG
HistoryczneJeon..... အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ မသိပေမယ့် ကျနော်သိတဲ့အချစ်က အကိုတော်ပဲ...အများကပြောကြတာတော့ မဖြစ်နိုင်တာကို မိုက်ရူးရဲဆန်တာတဲ့လေ....ပြောချင်တာပြောကြပါစေ...ဒီဘဝမှာ မဖြစ်နိုင်ခဲ့ရင်တောင် နောင်ဘဝအဆက်ဆက် အကိုတော်နားမှာပဲ ကပ်တွယ်နေမယ့် လူသားကျနော်...