ဂျောင်ကုအကဲပိုက အိမ်ရှေ့စံလေးကို လွမ်းခဲ့ရသမျှ အခန်းထဲရောက်မှ အတိုးချချစ်ပစ်မည်ဟု တေးထားပီး လိုက်လာခဲ့သည်.....
" ဒါဘာလိုက်လုပ်တာလဲ....ခမည်းတော်ဆီ အရင်သံတော်ဦးမတင်သေးဘူးလား...."
" ခမည်းတော်က ဒီချိန်ဆို စက်တော်ခေါ်နေလောက်ပီမို့ မနက်မှသွားတွေ့တော့မလို့....ခုအရေးကြီးဆုံးလေးဆီ အရင်ရောက်လာတာကို နှင်လွှတ်တော့မလို့လား...."
" အပျိုတော်တွေကတစ်ဆင့် သိကုန်ကြရင် မင်းရောငါရောအတွက် မကောင်းဘူးလေ....ပြန်တော့နော် ကလေးလေး...."
" အား....နားထဲ ချိုအီစိမ့်ဆင်းသွားတာပဲ....အသံလေးကလဲ ပြန်လွှတ်နေတာလား မပြန်ချင်အောင် ဆွဲဆောင်နေတာလား....ချစ်ရလွန်းလို့ ရူးတော့မှာပဲဗျာ...."
" မဖြစ်တော့ဘူး....နောက်နေ့ယွန်းဂီကို ဆေးခါးကြီးကြိုတိုက်ခိုင်းရတော့မယ်....သွေးလေခြောက်ခြားပီး စကားတွေသိပ်တတ်နေတဲ့ ကလေး ဆေးခါးကြီးသောက်ရမယ့်မျက်နှာတော့ မြင်ယောင်သေးတယ်...."
" ညစ်ပီ....ယွန်းဂီရဲ့ ဆေးခါးကြီးကို ကြောက်ပေမယ့် ဘာပဲဖြစ်ဖြစ် မပြန်ဘူးဗျာ..."
ဟိုတစ်ခေါက်စစ်တိုက်ပီးပြန်လာတုန်းက အနားကမခွာပဲ ကပ်နေသော ဂျစ်တူးလေးကို ဂျီမင်းကျပ်လိုက်သည်....စစ်တိုက်ပီး ပြန်လာတာ အားဆေးလေးကြိုပေးပါဆိုပီး ယွန်းဂီကိုစလိုက်တာ ဟိုကိုယ်တော်ကလဲ ဘာတွေမကြည်လင်နေလဲမသိ....တူးခါးနေသော ဆေးကို ကြိုလာပီး သူ့ရှေ့တင် သောက်ခိုင်းသည်.... ထိုချိန်မှစ၍ ဆေးခါးကြီးဆိုတာနှင့် ဂျောင်ကုကြောက်သွားတတ်သည်မှာ ခုချိန်ထိပင်....
" တကယ်မပြန်ဘူးလား....ယွန်းဂီနဲ့ မရရင် ဟိုဆော့နဲ့ တိုင်မှာနော်...."
" ဟိုဆော့က ကျနော့လူပါ အိမ်ရှေ့စံလေးရဲ့....ပြန်စေချင်ရင် ပေးနမ်းလေ...."
" အဲ..ဟို...ဟို...."
အပေါ်ကြည့်လိုက် အောက်ကြည့်လိုက်နှင့်ဖြစ်နေသော မိမိမျက်နှာကို ငေးစိုက်ကြည့်နေသည့် ဂျောင်ကုအကြည့်တို့ရဲ့ ဦးတည်ရာက ဆေးမချယ်ပဲရဲနေသော အမေ့အမွေနှုတ်ခမ်းလေးပင်ဖြစ်တာကြောင့် မသောက်ရသေးပဲ မူးချင်သလိုလိုတောင် ဖြစ်သွားသည်....
YOU ARE READING
SARANG
HistoryczneJeon..... အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ မသိပေမယ့် ကျနော်သိတဲ့အချစ်က အကိုတော်ပဲ...အများကပြောကြတာတော့ မဖြစ်နိုင်တာကို မိုက်ရူးရဲဆန်တာတဲ့လေ....ပြောချင်တာပြောကြပါစေ...ဒီဘဝမှာ မဖြစ်နိုင်ခဲ့ရင်တောင် နောင်ဘဝအဆက်ဆက် အကိုတော်နားမှာပဲ ကပ်တွယ်နေမယ့် လူသားကျနော်...