💜 အချစ်နဲ့ ထိတွေ့ခြင်း 💜

867 78 1
                                    

ညကနန်းတွင်းစည်းကမ်းတွေ အစဉ်အလာဓလေ့ထုံးစံတွေဖယ်ရှားပီး စည်းလွတ်ဘောင်လွတ် ချစ်ခဲ့ကြတော့ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုပင် နာကျင်နေပီ....ချစ်ရသူရင်ခွင်ကျယ်ကြီးထဲမှ နိုးထလာရသော မနက်ခင်းလေးက ပို၍လှနေသည်....

ဂျီမင်း အိပ်ပျော်နေသေးသော မောင်တော့်ရင်ညွန့်ကို ဖွဖွလေးနမ်းလိုက်ပီး ရင်ခွင်လေးထဲခေါင်းတိုးဝင်၍ ချစ်ရသူရဲ့ကိုယ်သင်းနံ့လေးကို တစ်ဝကြီးရှူရှိုက်မိသည်....

ဂျောင်ကုရဲ့ ချွေးစိုစိုရင်ခွင်ကျယ်ကြီးက နန်း​တော်ထဲမှာ ပွင့်လန်းနေသည့် ပန်းပေါင်းစုံထက် မွှေးနေသလို နမ်းပီးရင်း နမ်းချင်မိသည်အထိ ချစ်မိသွားပီဖြစ်သော မိမိအဖြစ်ကို တစ်စိမ့်စိမ့်တွေးရင်း နှုတ်ခမ်းထက်အပြုံးတို့ ပွင့်လန်းလာသည်....

မေးဖျားလေးကို မော့နမ်းဖို့ ရင်ခွင်ကျယ်ကြီးထဲက ခေါင်းလေးကို မော့လိုက်တော့ သူ့ကိုပြုံးပြုံးကြီးကြည့်နေသော ဂျောင်ကု.....အကြင်နာအရိပ်တွေအပြည့်နှင့် စိုက်ကြည့်နေတာများ တစ်ကိုယ်လုံးကြက်သီးမွှေးညင်းများ ထောင်ထလာသည်အထိ စူးရှလှသည်....

" မနိုးသေးတဲ့သူကို အသားယူတယ်ပေါ့....အဆိုးလေးကွာ...."

" ချစ်လို့လေ....ဘာလဲ...မချစ်ရဘူးလား...."

" အများကြီးချစ်မိရင် ဟောဒီကနုနုနယ်နယ်လေး အိပ်ရာပေါ်ကမထနိုင်မှာစိုးလို့ပါဗျာ....နေသာရဲ့လား ဂျီမင်းလေး...."

" နဲနဲတော့ နုံးနေတယ်....ဒီချိန်လောက်ဆို ယွန်းဂီဆေးကျိုပီးလောက်ပီထင်တယ်....သူ့ဆေးသောက်ပီး အဆင်ပြေသွားမှာပါ...."

" မောင်တော် စိတ်မထိန်းနိုင်မိတာ တောင်းပန်ပါတယ်နော်....နောက်ဆို သတိထားပါ့မယ်...."

" လူကိုများ သူ့အပိုင်များထင်နေလားမသိဘူး....နောက်တစ်ခါဆိုရင်တဲ့....ပြောရဲတယ်နော်...."

" မောင်တော့်ကို တစ်ခါသုံးပဲလား ဂျီမင်းလေး....ဒီကလေးလေးတော့ မှတ်လောက်အောင် သတိပေးထားမှ ရတော့မှာပဲ...."

ဂျောင်ကု ဖက်ထားသော ကိုယ်ငယ်လေးကို အောက်သို့ပို့လိုက်ပီး အနမ်းမိုးတို့ ရွာသွန်းဖြိုးတော့ တခစ်ခစ်ရယ်သံလေးက စစ်သူကြီးဂျွန်း တစ်ဦးထဲကြားနိုင်သော နတ်ပြည်ကဆည်းလည်းသံလေး....

SARANGWhere stories live. Discover now