ကံကြမ္မာ

4K 162 10
                                    

အုံ့ဆိုင်းမှုန်မှိုင်းနေသောကောင်းကင်...နွယ်မြက်ထူထူတို့ တွဲခိုလျှက် ပတ်ဝန်းကျင်တစ်ခုလုံး သွေးနံ့တို့ ထုန်မွှန်းနေသော....အမှောင်လောကသားတို့ ပျော်စံရာ တနည်းဆိုရသော် နတ်ဆိုးတို့​၏ ဘုံဗိမာန်တွင် ဖြစ်သည်....

အင်အားအရာတွင် ပြိုင်ဘက်ကင်းသော နတ်ဆိုးမင်းသားတစ်ပါး ပလ္လင်ပေါ်တွင် လတ်လတ်ဆတ်ဆတ် သွေးအရသာကို တကျိုက်ခြင်းခံစားနေသည်....

" လတ်လတ်ဆတ်ဆတ်မို့နေမယ်....အားအင်တွေပြည့်သွားသလိုပဲ...."

မျက်နှာပေါ်တွင်လဲ အပြုံးတို့ ခိုတွဲလျှက် မျက်ဝန်းကျဉ်းကျဉ်းလေးက ပို၍မှိတ်ကျသွားသည်....နတ်ဆိုးဟုပင် မဆိုသာလောက်အောင် တုနှိုင်းမဲ့အလှတို့ဖြင့် စီချယ်ထားသော ရက်စက်ကြမ်းကြုတ်လွန်းသည့် မင်းသားတစ်ပါး....တရောသောပါးပြေးလာသော အဆင့်နိမ့်နတ်ဆိုးတစ်ကောင်ကြောင့် နှုတ်ခမ်းထောင့်လေးက မဆိုသလောက်မဲ့ကျသွားသည်.....

" အရှင်မင်းသား....ကျနော်မျိုးကိုခွင့်လွှတ်ပါ....သားကောင်ကို လိုက်ဖမ်းရင်းနဲ့ တောင်ပေါ်မှာ တောင်စောင့်နတ်မင်းကြောင့် လွှတ်ပေးခဲ့ရပါတယ်....အသက်ချမ်းသာပေးပါမင်းသား...ခွင့်လွှတ်ပေးပါ...."

အချိုမြိန်ဆုံးသော အပြုံးလေးဖြင့် ပြေးလာသောနတ်ဆိုးကို ဆွဲထူလိုက်ပီး....

" လာပြန်ပီလား တောင်စောင့်နတ်.....အဟက်....တောင်စောင့်နတ်ကိုကျ ကြောက်တယ်....ငါ့ကိုကျ အလေးမထားတဲ့သဘောပေါ့....ကောင်းပါတယ်လေ...စောက်သုံးမကျတဲ့ဟာတွေ ငါ့နန်းတော်ထဲမရှိတော့ သန့်သွားတာပေါ့ မဟုတ်ဘူးလား Wan....."

ဘေးမှာရှိသော သက်တော်စောင့်Wan က သားကောင်လွှတ်ပေးလိုက်ရသော နတ်ဆိုးခေါင်းပေါ်တွင် လက်တင်လိုက်တော့ ထိုနတ်ဆိုးခမျာ အသံနက်နက်တစ်ချက်သာ ထွက်နိုင်ခဲ့ပီး မြူမှုန်အဖြစ်ပြောင်းလဲသွားသည်....

" ဟားဟားဟား...ဒါ$သုံးမကျတဲ့သူတွေ သွားရာလမ်းပဲ....အားလုံးမှတ်ထားကြ...."

ပြောနေစဉ်နတ်ဆိုးဘုရင်ကြီး ရောက်လာပီး....

" သားတော်....Jimin....မင်းဒီလိုတွေ ဇီဝိန်ခြွေပစ်တာ နတ်သူငယ်ဘယ်နှစ်ယောက်တောင်ရှိနေပီလဲ....သူတို့အလွန်မဟုတ်ဘူးသားတော်....အဓိက တောင်စောင့်နတ်မင်းပဲ...ခမည်းတော် ဘာကိုဆိုလိုလဲ သားတော်နားလည်မှာပါ....."

SARANGWhere stories live. Discover now