ဂျီမင်း မယ်တော့်ဇျာပနကိစ္စပီးသွား၍ အထိန်းတော်ကြီးဟုန်နဲ့အတူ တိမ်ဖြူအဖွဲ့ကို ဆက်လက် ဦးဆောင်ခဲ့သည်....မြို့တော်မှာ အပုတ်နံ့ထွက်နေသော သူဌေးတစ်ယောက်ရဲ့အိမ်တော်ကို ဖောက်ရန် အစီစဉ်ဆွဲပီးသကာလ ထိုသူကြွယ်အိမ်တော်ထဲ ဝင်ရောက်ဖောက်ထွင်းနေသည်....
ဆင်းရဲသားပြည်သူများ ပေးဝေရန်လောက်လောက်ငှငှအနေအထားရောက်တော့ ထွက်ကြမည်ပြင်နေစဉ် ရဲမက်များဘယ်ကဘယ်လို အနံ့ရသွားလဲမသိ....ထိုအိမ်တော်ကို ဝိုင်းထားခြင်းခံရလေသည်.....
" ခေါင်းဆောင်....ကျနော်တို့ဝိုင်းခံထားရပီ....ဒီကောင်တွေ ဘယ်ကအနံ့ရသွားလဲမသိဘူး...တိမ်ဖြူထဲမှာတော့ သစ္စာဖောက်ရှိနေပီ....."
" အဲ့ဒါနောက်ထားပါဟုန်....ပါလာတဲ့သူတွေ ဘေးကင်းဖို့လိုတယ်....ဆော့ကီနဲ့ ကျနော်နဲ့ ရဲမက်တွေကို လမ်းလွှဲထားလိုက်မယ်....ယွန်းဂီကလမ်းကျွမ်းကျင်တယ်ဆိုတော့ ဟုန်နဲ့ကျန်တဲ့သူတွေကို ဘေးကင်းရာခေါ်သွား...ဆုံနေကျနေရာမှာ ပြန်ဆုံကြမယ်...."
" ခေါင်းဆောင် မဖြစ်ဘူးလေ...."
" ဒါအမိန့်ပဲဟုန်...အချိန်မဆွဲနဲ့တော့....ဆော့ကီရှိရင် ကျနော်လုံခြုံတယ်....ကျနော်တို့အရင်ထွက်မယ်...."
ဂျီမင်းအမိန့်ပေးပီး ချက်ချင်းရဲမက်တွေကို မြှားခေါ်သွားသည်.....လမ်းမကျွမ်းကျင်သေး၍ ပြေးနေရင်း တစ်ဖက်ပိတ်ပိတ်လမ်းတစ်နေရာသို့ ရောက်သွားတော့ ရဲမက်တွေကို ပြန်ခုခံဖို့သာ ရှိတော့သည်....
ဟိုဆော့နဲ့အတူ ရဲမက်တွေကို ခုခံနေရင်း ဟိုဆော့ပေးထားသော လည်ဆွဲလေးက ဓားထိပီးပြတ်သွားသည်....ထိုနည်းတူ ဂျီမင်းပခုံးတွင်လဲ ဓားဖြင့်ရှပ်ထိသွားသည်....
" ကျနော့ကိုထားခဲ့တော့သခင်.....ကျနော်မကြာခင် စိတ်ရိုင်းဝင်တော့မယ်....ဒီနေ့လပြည့်ညလဲ ဖြစ်နေတော့ ပိုဆိုးမယ်ထင်တယ်....ကျနော်ခံချထားလိုက်ပါ့မယ်....."
ဟိုဆော့ဆွဲကြိုးလေးပြတ်သွား၍ ဝံပုလွေလိုအရိုင်းစိတ်ဝင်လာတော့မည်ဖြစ်၍ သူ့သခင်ကို ဘေးကင်းရာတွန်းပို့လိုက်ပီး ထွက်ပြေးခိုင်းလိုက်သည်....
YOU ARE READING
SARANG
Historical FictionJeon..... အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ မသိပေမယ့် ကျနော်သိတဲ့အချစ်က အကိုတော်ပဲ...အများကပြောကြတာတော့ မဖြစ်နိုင်တာကို မိုက်ရူးရဲဆန်တာတဲ့လေ....ပြောချင်တာပြောကြပါစေ...ဒီဘဝမှာ မဖြစ်နိုင်ခဲ့ရင်တောင် နောင်ဘဝအဆက်ဆက် အကိုတော်နားမှာပဲ ကပ်တွယ်နေမယ့် လူသားကျနော်...