နံနက်ဝေလီဝေလင်းအချိန်အခါ နှင်းတို့မသဲကွဲချိန်..... မိဖုရားခေါင် ဂျွန်းအတွက် ချိုးတော်ရေ သုံးတော်ရေဆက်သဖို့ အပျိုတော်နှစ်ယောက် စကားတပြောပြောနဲ့ နန်းဆောင်လယ်မှာတည်ရှိနေတဲ့ ရေတွင်းထဲမှ ရေခတ်ရန် လာခဲ့ကြသည်....အပျိုတော်နှစ်ယောက်အနက်မှ အသက်ခပ်ငယ်ငယ် အပျိုတော်က မျက်နှာမှာ သွေးမရှိတော့သလို ဖြူဖျော့နေပီး လက်ညိုးတထိုးထိုးနဲ့ ပါးစပ်မှလဲ ဝူးဝူးဝါးဝါးနဲ့ ထအော်သည်....
" ဖြူ....အ...အ...ဖြူဖြူကြီး....ရေတွေလဲ...အ...အ...ရွှဲလို့..."
" ဟင်....ဘာ...ဘာဖြစ်လို့လဲ...."
စိတ်ထဲမှာတော့ မသိုးမသန့် ရေစိုနေတဲ့ အဝတ်ဆွေးဆွေး ပုတ်အဲ့အဲ့အနံ့တို့ကလဲ လှိုင်လှိုင်ထ နှာခေါင်းထဲဝင်လာသည်....လက်ညိုးထိုးပြရာ ဖြေးဖြေးချင်းကြည့်လိုက်တော့ ရေတွင်းဘောင်ပေါ်မှာ ရေစက်လက်ကျနေတဲ့ အဝတ်အစားကြီးနဲ့ ငုတ်တုတ်ထိုင်နေတဲ့ ပုံသဏ္ဍန်မသဲကွဲသော လူတစ်ဦး...တိတ်ဆိတ်နေသော နန်းဆောင်တစ်ခုလုံးမှာ တဟီးဟီးရယ်သံကြီးက လိပ်ပြာလွင့်စရာပင်....
ရေတွင်းဘောင်ပေါ်မှ တဖြေးဖြေးဆင်းလာတာ သူဆင်းလာတဲ့တစ်လျှောက် အသားတွေက ပုတ်ပွပီး ပဲ့ကျကျန်နေခဲ့သည်...လက်တွေလို့ထင်ရတဲ့ အရှေ့ပိုင်းနေရာဆို အရိုးငေါငေါ....ခြောက်ကပ်ကပ်ရယ်သံကြီးကလဲ ရပ်မသွား...အနီးနားရောက်ခါနီးတော့ မျက်လုံးတစ်ဖက်ကပါ ကျွတ်ကျလုမတတ် ပြူးထွက်နေတာ မသတီစရာ...
" အမေး......"
ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးထွက်သွားသော အပျိုတော်နှစ်ယောက်ကို အိမ်ခေါင်မိုးပေါ်မှ ကြည့်နေသော ကြင်ယာတော်လေးနာယွန်းတစ်ဖြစ်လဲ ဝမ်က ဟားတိုက်ရယ်မောနေလေရဲ့....ရေတွင်းထဲက ထွက်လာသော ရေမိစ္ဆာကောင်ကလဲ လူသားထင်ပီး မျက်နှာတစ်ခြမ်းလုံး ခွါချပြနေတာ သွေးတို့တရဲရဲ....
" မင်းလို ပမွှားမိစ္ဆာလေးကများ ငါ့ကိုလာဖြဲခြောက်နေသေးတယ်...ရုပ်ဆိုးလိုက်တာကွာ...ကိုယ့်ရေတွင်းထဲမှာကိုယ် သွားပြန်အိပ်နေစမ်း...အဲ့ဒီရွံစရာ အသားစတွေပါ ပြန်ကောက်သိမ်းသွား...."
YOU ARE READING
SARANG
Historical FictionJeon..... အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ မသိပေမယ့် ကျနော်သိတဲ့အချစ်က အကိုတော်ပဲ...အများကပြောကြတာတော့ မဖြစ်နိုင်တာကို မိုက်ရူးရဲဆန်တာတဲ့လေ....ပြောချင်တာပြောကြပါစေ...ဒီဘဝမှာ မဖြစ်နိုင်ခဲ့ရင်တောင် နောင်ဘဝအဆက်ဆက် အကိုတော်နားမှာပဲ ကပ်တွယ်နေမယ့် လူသားကျနော်...