" မင်းသား ကိုယ်တိုင်ကြွလာတယ်"
" မတွေ့ရတဲ့ရက်တွေက ကြာလွန်းလို့ မစောင့်နိုင်တာနဲ့ ကိုယ်တိုင်ထွက်လာခဲ့တာ..."
" မသင့်တော်ပေမယ့် အရမ်းသတိရနေခဲ့တာမို့ ကျေးဇူးတင်ပါတယ် မင်းသား..."
" မတွေ့ရတဲ့ရက်တွေအတွင်း မျက်နှာလေးသေးသေးလေးပဲ ကျန်တော့တယ်...ငါ့ကလေးလေးကို လုပ်ရက်လိုက်ကြတာ...ဒင်းတို့ကို ပစ်ဒဏ်ကြီးကြီးပေးရမယ်..."
" ခုကျတော်လွတ်လာခဲ့ပီပဲ မင်းသားရယ်...အဆင်ပြေသွားပါပီ...သူတို့ကိုလဲ လုပ်အားခတွေဖြတ်ပီးပီပဲ...ကျေနပ်လိုက်ပါတော့ဗျာ..."
" ယွန်းဂီလေးက နှင်းပွင့်လေးလို အရမ်းဖြူစင်လိုက်တာ ကလေးငယ်ရယ်...ချစ်လိုက်ရတာကွာ နောက်ဆိုဘယ်နားထားထားရမလဲမသိဘူး..."
ဆော့ဂျင် မှာလည်း အမတ်ကင်ကျေးဇူးကြောင့် အကျဉ်းထောင်ထဲမှလွတ်လာသော ချစ်သူလေးတစ်မျက်နှာသာ မြင်တော့တာမို့ ဘေးဘီဝဲယာ ဘာဆိုဘာမှမမြင်တော့...နဂိုအရှက်အကြောက်ကြီးတတ်တဲ့ နှင်းလူသားလေးက မျက်နှာနုနု ပန်းသွေးချယ်လေပီ....
" မင်းသား....ခဏသည်းခံတော်မူပါအုံးဗျ..."
" မီရမ်း...မတွေ့ရတာ ဆယ်ရက်တောင်ကြာပီလေ...လွမ်းလွန်းလို့ နေ့တိုင်းလာတွေ့ချင်ပေမယ့် ယွန်းဂီလေးအခက်တွေ့မှာစိုးနေတာ..."
" ခုပျော်သွားပီမဟုတ်လား..."
" အင်း....ပုံမှန်နေ့ရက်တွေအတိုင်းလည်ပတ်ဖို့ ယွန်းဂီလေးရဲ့ အာဘွားလေးတော့ လိုနေသေးတယ်..."
" ဒီမင်းသားက ဘာကြီးလဲ....တွေ့တိုင်းအာဘွားပေးစရာလား..."
" မပေးဘူးပေါ့...သေချာသွားပီလား...ကိုယ့်ကလေးလေးကို ဖက်နမ်းမိအောင် ရန်စနေတာလား..."
" တစ်ရက်လောက် ပိုပို🥰မပေးပဲနေနိုင်ရင် မင်းသားအတွက် အရွယ်တင်နုပျိုစေတဲ့ တန်ဖိုးကြီးဆေးအသစ်ဖော်ပေးမယ်...."
" ဆေးကခါးတယ်...အနမ်းတွေက ချိုတာမို့ အနမ်းတွေပဲ လိုချင်တာကွ..."
ခပ်ခွါခွါလျှောက်လာကြပီး စကားတိုးတိုးပြောလာကြရင်း ကိုယ်ရံတော်မင်ရဲ့ ခါးထက်ဆီသို့ မင်းသားကြီးလက်တွေ ပိုင်ပိုင်နိုင်နိုင် ရောက်ရှိသွားတော့ နောက်ပါးဆီမှ အထိန်းတော်တွေကလည်း အခြေအနေသိနေကြပီ.....ဆက်မလိုက်လာရဲကြတော့ပဲ ခပ်ခွါခွါကသာ နေရစ်ခဲ့ကြတော့သည်....မဟုတ်ရင် မင်းသားကြီးဒေါသက ဥတုသုံးပါးမရွေးတတ်တာကြောင့် အရိပ်အကဲတော့သိရမည်ပင်....
YOU ARE READING
SARANG
Historical FictionJeon..... အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ မသိပေမယ့် ကျနော်သိတဲ့အချစ်က အကိုတော်ပဲ...အများကပြောကြတာတော့ မဖြစ်နိုင်တာကို မိုက်ရူးရဲဆန်တာတဲ့လေ....ပြောချင်တာပြောကြပါစေ...ဒီဘဝမှာ မဖြစ်နိုင်ခဲ့ရင်တောင် နောင်ဘဝအဆက်ဆက် အကိုတော်နားမှာပဲ ကပ်တွယ်နေမယ့် လူသားကျနော်...