💜 အစွဲအလမ်း 💜

628 74 1
                                    

နမ်ဂျွန်းတစ်ယောက် အမိမြေကို ခြေချလိုက်တာနဲ့ လတ်ဆတ်တဲ့လေကို တဝကြီး ရှိုက်သွင်းလိုက်သည်...အမိမြေပြန်လာရသည်မို့ အပျော်တွေလွန်နေသည်....လွပ်လပ်ပေါ့ပါးသော ခံစားချက်တွေနဲ့အတူ ခြေလှမ်းတို့ကလဲ တက်ကြွလို့...

" ဒီလတ်ဆတ်တဲ့ မြေသင်းနံ့လေးကို လွမ်းနေရတာ ခုမှပဲ ဆန္ဒပြည့်တော့တယ်...ပီးတော့ သူလေးကိုလဲ လွမ်းလိုက်တာဗျာ...."

တစ်ကိုယ်ရည်ကြားသာရုံရေရွတ်ခဲ့ပီး တာဝန်တွေတပွေ့တပိုက်ကြီးနဲ့ ပြန်လာခဲ့တဲ့သူ့ကို လာကြိုကြတဲ့ အိုမားနဲ့ အစေခံခေါင်းဆောင်ကြီး....ဖခင်ဖြစ်သူကတော့ ညီလာခံတက်နေ၍ လာမကြိုနိုင်ခဲ့...ချင်နိုင်ငံမှာ ပညာသင်ကြားနေသည့် တစ်လျှောက်လုံး လမင်းကြီးကို တိုင်တည်မှန်းဆတမ်းတလွမ်းခဲ့ရသော အိမ်ရှေ့စံလေးနဲ့ တစ်ဦးတည်းသော ညီမလေးကလဲလက်ဆက်ထားပီးဖြစ်တာကြောင့် သူ့မှာလွမ်းခွင့်မှ ရှိသေးရဲ့လား....

" သားကြီး....နောက်ဆုံးတော့ ပြန်လာခဲ့ပီပေါ့....လာ...လာ...သားကြိုက်တဲ့ အချိုမုန့်တွေ အများကြီးလုပ်ထားတယ်...."

နမ်ဂျွန်းကို အိုမားက သူတို့ကို လွမ်းလားမေးမလာခဲ့၍ အသက်ရှူချောင်ရသည်....မဟုတ်ရင် ဖြေစရာမရှိခဲ့...အတွေးတွေထဲ အိမ်ရှေ့စံတစ်ဦးထဲကသာ အချိန်ပြည့်နေရာယူထားတာကြောင့်ပင်....

ပြန်လာရသည့် ရည်ရွယ်ချက်ကလဲ အရှင်မင်းကြီးရဲ့ အရေးတကြီးဆင့်ခေါ်မှုကြောင့်...နန်းတွင်းရေးကလဲ တစ်စစ ရှုပ်ထွေးလာသဖြင့် အိမ်ရှေ့စံကို နန်းတင်ဖို့ ချင်နိုင်ငံရဲ့ အကူအညီလိုအပ်လာ၍ ဖြစ်သည်....အိမ်ရှေ့စံကို မလိုလားသော အမတ်တွေရဲ့ ပူးပေါင်းကြံစည်မှုက အရာထင်ပါ့မလား....ချင်နိုင်ငံကရော အားတက်သရော ထောက်ခံပေးပါ့မလားဆိုသည်က အလုံးစုံသူ့ရဲ့ ကျွမ်းကျင်လိမ်မာမှုပေါ်တွင်သာ မူတည်နေတော့သည်.....

💭 အိမ်ရှေ့စံလေးရဲ့ ရှေ့မှာ ကျနော်လိုလူတစ်ယောက်လုံး မားမားမတ်မတ် ရှိနေတော့မှာမို့ အေးအေးသက်သာနန်းတက်ဖို့သာ ပြင်ဆင်ထားပါ ကျနော့်ရဲ့ ကဗျာငယ်လေးရယ်....💭

———————-
နန်းတော်ထဲ နန်းတွင်းရေးက အတော်ပင် ရှုပ်ထွေးနေပီ...အရေးကြီးချိန် ရောက်ခါမှ နေလို့ထိုင်လို့ သိပ်မကောင်းတာကြောင့် ယွန်းဂီက သေချာအနီးကပ် ဂရုစိုက်ပေးနေရသည်....

SARANGWhere stories live. Discover now