မိဘုရားခေါင်ကြီးရဲ့ ဇျာပနအခမ်းနားတွင် Jimin တစ်ယောက်ထဲ အတွေးတို့ဖြင့် နပန်းသတ်နေရသည်....သူသိပ်ချစ်တဲ့ ညီတော်ကတစ်ဖက် သူ့ဘဝကြီးကို ကံဆိုးမိုးမှောင်ကျစေရန် အစီစဉ်ဆွဲနေသော Jeon မိဖုရားကတစ်ဖက် ဘယ်ဘက်ကို သာသာစီးစီး အလေးသာမိမလဲဝေခွဲမရ....သေချာတာတစ်ခုကတော့ Jeon မိဖုရားကို သိပ်မုန်းပေမယ့် Jungkook ကို သိပ်ချစ်သည်လေ....
အချစ်နှင့်အမုန်း အားပြိုင်ပွဲတွင် မပြိုင်ခင်ထဲက ရှုံးနေပီလား.....ဒါမဖြစ်သင့်....လုံးဝလက်သင့်မခံနိုင်တဲ့ အကြောင်းရင်းတစ်ရပ်ပင်....သူအရှုံးပေးလိုက်ဖို့ ဆုံးဖြတ်ပီးသလို Jungkook ကရော သူနဲ့ထပ်တူပဲလား....ရေရေရာရာသိဖို့ လိုအပ်နေပီ....
သူ့အတွေးတို့ကို ဘေးနားမှာရှိနေတဲ့ Hoseok က သိနေသယောင်....သူ့အနားလာပီး တီးတိုးပြောလာသည်.....
" မရေရာတာတွေကို လက်တွေ့ကျကျဖြေရှင်းလိုက်ပါသခင်....ကျနော်နဲ့ လိုက်ခဲ့ပါ...."
Hoseok ရဲ့ခြေလှမ်းတို့ ဦးတည်ရာက မြောက်နန်းဆောင်သို့...အဆောင်တော်ရဲ့ နောက်ဖက်အပေါက်ကဝင်လာခဲ့ပီး မိဖုရားစံမြန်းသည့်အဆောင်တော်ရောက်ခါနီးမှ အိမ်ရှေ့စံကို အဆောင်ခေါင်မိုးပေါ် တိတ်တဆိတ်ဆွဲတင်လိုက်သည်....
" Hoseok....ဒါကမသင့်တော်ဘူးလေ...."
Jimin ရုတ်တရက်ဆန်သော Hoseokအပြုအမူကြောင့် တချက်ကြောင်သွားပီး မော့ကြည့်ပြောလိုက်တော့ Hoseok က သူ့နှုတ်ခမ်းကို လက်ညိုးကပ်ပီး အသံမထွက်ဖို့ သတိပေးလိုက်ပီး အမိုးကအုတ်ကြွတ်တစ်ခုကို သတိကြီးစွာဖြင့် လှန်လိုက်မှ အဆောင်တွင်း အလင်းမှိန်မှိန်အောက်တွင် Jeon မိဖုရားနှင့် ဖခင်ဖြစ်သူ ပညာရှိအမတ်ကြီးတို့ ပြောစကားများ ကြားလာရသည်.....
" အဖေ.....ဘယ်လိုဆက်လုပ်ကြမလဲ....မိဖုရား Park က ခန့်မှန်းထားတာထက် ပိုလည်လွန်းနေတယ်....သူသေတာတောင် အမောဖောက်ပီး သာမာန်နှလုံးရပ်သေသလို ဟန်ဆောင်ခဲ့တာ....
သူအားလုံးသိနေတယ်ထင်တယ်....ဒါဆို သူ့သားရော သိများနေမလား...."" မားမား....စိတ်အေးအေးထားပါ....အဓိက Jeon မင်းသားငယ်ကို ကြံ့ခိုင်အောင် လေ့ကျင့်ပေးထား....အိမ်ရှေ့စံနန်းမတက်ခင် Jungkook အဆင်သင့်ဖြစ်နေမှ ရမယ်...."
YOU ARE READING
SARANG
Historical FictionJeon..... အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ မသိပေမယ့် ကျနော်သိတဲ့အချစ်က အကိုတော်ပဲ...အများကပြောကြတာတော့ မဖြစ်နိုင်တာကို မိုက်ရူးရဲဆန်တာတဲ့လေ....ပြောချင်တာပြောကြပါစေ...ဒီဘဝမှာ မဖြစ်နိုင်ခဲ့ရင်တောင် နောင်ဘဝအဆက်ဆက် အကိုတော်နားမှာပဲ ကပ်တွယ်နေမယ့် လူသားကျနော်...