ဟိုဆော့ဂျွန်းမင်းသားငယ်ကို အတွင်းအားကုန်သုံး ကုသပေးနေရသောကြောင့် သူ့တွင် လက်ကျန်အတွင်းအား အလွန်ပင် နည်းပါးနေပီ...ထို့ကြောင့် အိမ်ရှေ့မင်းသားကို ခွင့်တောင်း၍ နန်းတော်ထဲမှ ခဏတာထွက်လာခဲ့လိုက်သည်...
" ဟား...ဒုက္ခပါပဲကွာ...မေထုန်ရာသီမှာမှ ငါ့မှာအားနည်းနေရတယ်လို့...မဖြစ်ဘူး....ရာသီစက်ဝန်းကို အံတုပီး နေရင် ငါလူသားတစ်ယောက်အဖြစ် ဆက်ဟန်ဆောင်လို့မရပဲ အိမ်ရှေ့စံပါ ဒုက္ခရောက်ကုန်လိမ့်မယ်...ရှေ့ကဆောင်ကြာမြိုင်မှာ အဆင်ပြေအောင် ကြည့်ဖြေရှင်းရမှာပဲ..."
မိုးချုပ်လာလေ သူ့ခန္ဓာကိုယ်ပေါ်မှာ အမွှေးအမျှင်တွေထူလာလေမို့ အပျော်မယ်တစ်ဦးနဲ့ ပျော်ပါးဖို့သာ ရှေးရှုရတော့မည်မို့ စိတ်ဒုံးဒုံးချပီး ပျော်တော်ဆက်အိမ်ထဲဝင်သွားလိုက်တော့သည်....
...........
" အားးး...ကယ်ကြပါအုံး...လူကနေ မိစ္ဆာဖြစ်သွားလို့...ကယ်ကြပါအုံးရှင်..."ထယ်ယောင်းအပျော်မယ်အိမ်မှာ သောက်စားနေတုန်း အပေါ်ထပ်အခန်းဆီက အော်သံနဲ့အတူ အပျော်မယ်တစ်ဦးထွက်ပြေးလာတာကြောင့် စူးစမ်းချင်သည့်စိတ်ကို ထိန်းမရခဲ့...
မီးတုတ်တွေ ဓားတွေနဲ့ခြောက်နေတဲ့လူအုပ်ကြားထဲ တစ်ချက်တိုးဝှေ့ကြည့်မိတော့ ဝံပုလွေကောင် အရိုင်းစိတ်တွေဝင်နေပြန်ပီ...ဒါနဲ့ ဒီလူရိုး အဲဟုတ်ပေါင် ဝံပုလွေရိုးကြီးက ဘယ့်နှယ့်အပျော်အိမ်ကို ရောက်နေရတာပါလိမ့်....
လူအုပ်ကြီးဆီမှ မီးရောင်များကြောင့် ကြောက်လန့်ပီး မာန်ဖီနေတဲ့ ဟိုဆော့က ထယ်ယောင်းရဲ့အနံ့ရလိုက်တာနဲ့ တမဟုတ်ချင်းငြိမ်ကျသွားတာမို့ ထယ်ယောင်းကိုယ်တိုင်ပင် ထူးဆန်းနေသည်...
" ခင်များတို့ မီးတုတ်တွေငြိမ်းလိုက်ပါ...တောကောင်က ဒေါသထွက်ပီး တွေ့ရာလူဆွဲသွားမှ အကုန်ဖရိုဖရဲတွေဖြစ်ကုန်ပီး လူသေလို့ ဂေဟာပိတ်လိုက်ရလိမ့်မယ်..."
" သခင်လေး...ခဏစောင့်နေဖို့က အန္တရာယ်များလွန်းတယ်...အဲ့ကောင်ကို တောထဲခြောက်လွှတ်မှ အားလုံးအန္တရာယ်ကင်းမှာ သခင်လေး..."
YOU ARE READING
SARANG
Ficção HistóricaJeon..... အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ မသိပေမယ့် ကျနော်သိတဲ့အချစ်က အကိုတော်ပဲ...အများကပြောကြတာတော့ မဖြစ်နိုင်တာကို မိုက်ရူးရဲဆန်တာတဲ့လေ....ပြောချင်တာပြောကြပါစေ...ဒီဘဝမှာ မဖြစ်နိုင်ခဲ့ရင်တောင် နောင်ဘဝအဆက်ဆက် အကိုတော်နားမှာပဲ ကပ်တွယ်နေမယ့် လူသားကျနော်...