ညီလာခံခေါ်ယူဆုံးဖြတ်ချက်အရ မယ်တော်ဂျွန်းအား အဆိပ်သောက်သေစေရန် အမိန့်ချမှတ်ခြင်းခံရသည်...မိမိကို အသတ်ခံရမည့်နေ့ကို အိမ်နိမ့်စံဘဝနဲ့စောင့်ဆိုင်းနေရတာလောက် မိမိကိုယ်မိမိ စက်စုပ်ရွံရှာ အရှက်ရစေသည့်ဖြစ်ရပ်မရှိနိုင်ပေ....
နိုင်ငံ့အရှင်သခင်ကို လုပ်ကြံခဲ့သည့်အချိန်မှ စ၍ နန်းကျဆောင်မှာ သိမ်ငယ်စွာနေခဲ့ရတာ ရက်သတ္တပတ်ခန့်ရှိပီ...မိမိဝမ်းနှင့် လွယ်မမွေးခဲ့ရပေမယ့် ရင်နှင့်ရင်း၍ချစ်ရသော သားတော်လေးရဲ့သတင်းကိုလည်း ခုချိန်တိုင် မကြားရသေး...ဖခင်ဖြစ်သူနဲ့ တူတော်တို့ကိုလည်း နယ်နှင်ဒဏ်ပေးခံခဲ့ရတာဖြစ်သည်ကြောင့် လမ်းခရီးတွင် တောပုန်းဓားပြတို့ရန်ကိုလည်း စိုးရိမ်မိသည်မို့ မိမိတစ်ကိုယ်လုံး ပူလောင်စိုးထိတ်နေရသည်.....
မျက်စိမျက်နှာပျက်စွာဖြင့်ဝင်ရောက်လာသော အထိန်းတော်ကြီးကို မြင်လိုက်ရတော့ ရင်ထိတ်သွားရပြန်သည်...သူမရဲ့ မျက်ဝန်းမှာလည်း မျက်ရည်များ ဝေ့သီလျှက်....
" မာမား...😭...ကျမသတင်းဆိုး သယ်ဆောင်လာခဲ့ရတဲ့အတွက် စိတ်မကောင်းပါဘူး..."
" ဘာ...ဘာဖြစ်လို့လဲ...ပြောစမ်းပါ...ငါ့သားလေး...ငါ့သားလေး သတိရလာပီမလား....ငါ့သားလေးဒဏ်ရာ သက်သာလာပီမလား..."
သောကအထပ်ထပ်နဲ့ အရူးမီးဝိုင်းဖြစ်နေသော မယ်တော်ကြီးပုံစံကို ကြည့်ပီး အထိန်းတော်ကြီးကလည်း ချုံးပွဲချငိုနေသည်....
" မာမား...ဂျွန်းသခင်ကြီးနဲ့ သခင်လေးထယ်ယောင်း ပြည်နှင်ဒဏ်ပေးခံရတဲ့လမ်းမှာ လုပ်ကြံခံရလို့ ဆုံးပါးသွားပီဆိုတဲ့အကြောင်းကြားစာ ရောက်လာပါတယ်မယ်မယ်....
အဲ့ဒီစာနဲ့အတူ အိမ်..အိမ်ရှေ့စံ နတ်ရွာစံသွားပီဆိုတဲ့ အမိန့်ကြော်ငြာစာ ရောက်...ရောက်...."" တော်စမ်း...မဟုတ်တာ လျှောက်မပြောနဲ့...အထိန်းတော်ကြီးနေရာမှာ အခြားသူသာဆို ပြောရဲတဲ့ပါးစပ်ဓားထက်ထက်နဲ့ လှီးချပစ်လိုက်မယ်...."
" စိတ်ထိန်းပါ ဆယ်ယောင်းရယ်...အမရှိပါသေးတယ်ကွယ်...."
မိမိထံ နန်းတော်မှ အမိန့်စာ မဝံ့မရဲ ကမ်းပေးပီးနောက် သူမကတော့ ချုံးပွဲချငိုနေလေသည်....နန်းတော်မှ အကြောင်းကြားစာ ဖတ်ပီးနောက် မိနစ်ပိုင်းမျှ မလှုပ်မယှက် ငြိမ်သက်နေမိပြန်ပီ....ကျမဘာတွေတွေးနေမိတာပါလိမ့်.....
YOU ARE READING
SARANG
Ficción históricaJeon..... အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ မသိပေမယ့် ကျနော်သိတဲ့အချစ်က အကိုတော်ပဲ...အများကပြောကြတာတော့ မဖြစ်နိုင်တာကို မိုက်ရူးရဲဆန်တာတဲ့လေ....ပြောချင်တာပြောကြပါစေ...ဒီဘဝမှာ မဖြစ်နိုင်ခဲ့ရင်တောင် နောင်ဘဝအဆက်ဆက် အကိုတော်နားမှာပဲ ကပ်တွယ်နေမယ့် လူသားကျနော်...