ဆော့ဂျင်နဲ့ နမ်ဂျွန်းတို့ လမ်းခရီးတစ်ထောက်နားနေချိန်မှာပဲ ဘုရင်မင်းမြတ်ရဲ့ ကံတော်ကုန်သွားတဲ့သတင်း ကြားလိုက်ရ၍ ရောက်ရာအရပ်က နေပြည်တော်သို့ပြန်လှည့်ချင်သော်လည်း အိမ်ရှေ့စံရဲ့ကံကြမ္မာက လက်ထဲကအမိန့်စာပေါ်တွင် မှီတည်နေသည်မို့ အားတင်းပီးပဲ ရှေ့ဆက်ခဲ့ရတော့သည်...
" မင်းသားဆော့ဂျင်...ခဏလောက်တော့အားတင်းထားပါ...ကျတော်တို့ အိမ်ရှေ့စံကို ကာကွယ်ရအုံးမယ်လေ..."
" ငါအဆင်ပြေပါတယ်...ခရီးဆက်ကြစို့လေ..."
" နေ့ဝက်လောက်ခရီးဆက်ရင် ရောက်ပါပီ...မြန်မြန်သွက်သွက်လေး သွားကြတာပေါ့..."
ဒီလိုနဲ့ပဲ အမိန့်စာကို ရင်ဝယ်ပိုက်ပီး ခရီးဆက်ခဲ့တာ နောက်ဆုံးတော့ အမတ်ကြီးလက်ထဲ အပ်နိုင်ခဲ့ပီမို့ စိတ်အေးသွားရသည်...
" ညလဲနက်ပီဆိုတော့ ဒီမှာပဲ တစ်ညတာတည်းခိုပီး မနက်မိုးလင်းမှ အစောင့်အကျပ်များနဲ့ နေပြည်တော်ပြန်လည်ပို့ဆောင်ပေးပါ့မယ် မင်းသားတို့...စိတ်အေးသက်သာ အနားယူပါ...ညစာတည်ခင်းဧည့်ခံပါရစေဗျ..."
" အထွေအထူးမလုပ်ပါနဲ့...တော်သင့်ရုံပဲဆို အဆင်ပြေပါတယ်..."
" မင်းသားရဲ့ကြင်နာမှုကို ခံယူလျှက်ပါဗျာ...သုံးဆောင်ကြပါအုံး ကျတော်ကိုယ်တိုင် သေသေချာချာဂရုစိုက်ထားတာမို့ အန္တရာယ်ကင်းပါတယ်..."
ကာကွယ်ရေးအမတ်ကြီးနဲ့ သက်တော်ရှည်အမတ်တို့က အသေအချာစားသောက်နေပေမယ့် အရာရာသတိထားနေရတဲ့ကာလမို့ အာဟာရဖြစ်ရုံလောက်သာ စားခဲ့ကြသည်...ထို့နောက် ညဖက်စစ်ဆေးစရာရှိသည်များ စစ်ဆေးပီး ယာယီရွက်ဖျင်တဲအိမ်ကိုယ်စီထဲသို့ အိပ်ဆောင်ဝင်ခဲ့ကြသည်....
နမ်ဂျွန်းစိတ်ထင့်နေသည့်အတိုင်းပင် အစာထဲမူးဝေအော့အန်စေသော အဆိပ်တစ်မျိုးခတ်ထားသည်...သူလဲ ညစာစားပီးထဲက တစ်ချိန်လုံး မူးဝေအော့အန်နေတာဆို မင်းသားကြီးရော ဘယ်လိုနေလိမ့်မလဲ စိတ်ပူသွားမိတာကြောင့် မင်းသားကြီးရှိရာ အပြေးသွားမိတော့ မင်းသားက ရန်သူတွေကိုတိုက်ခိုက်ဖို့ပင် ပြင်ဆင်ပီးနေပီ...
YOU ARE READING
SARANG
Historical FictionJeon..... အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ မသိပေမယ့် ကျနော်သိတဲ့အချစ်က အကိုတော်ပဲ...အများကပြောကြတာတော့ မဖြစ်နိုင်တာကို မိုက်ရူးရဲဆန်တာတဲ့လေ....ပြောချင်တာပြောကြပါစေ...ဒီဘဝမှာ မဖြစ်နိုင်ခဲ့ရင်တောင် နောင်ဘဝအဆက်ဆက် အကိုတော်နားမှာပဲ ကပ်တွယ်နေမယ့် လူသားကျနော်...