" အချိန်အခါမဟုတ် မိုးလေကြီးလာပီ...ပတ်ဝန်းကျင်တစ်ခုလုံးမှာ နားခိုစရာဆိုလို့ ဆောင်ကြာမြိုင်တစ်ခုပဲ ရှိတော့တယ်...မိုးခဏခိုနားပီး မိုးတိတ်မှ ခရီးဆက်ကြတာပေါ့ သခင်ကြီး..."
" အမတ်တွေနဲ့ မိတ်ဖွဲ့ချိန်ကလွဲလို့ ကျတော်တစ်ယောက်ထဲ ဆောင်ကြာမြိုင်သွားဖူးလို့လား အိမ်ထိန်းကြီးရာ..."
" သခင်ကြီး အိပ်ပျက်ညတွေ များနေပီမို့ ဒီတစ်ညတော့ စိတ်အေးသက်သာ အနားယူရအောင် တည်းခိုကြရအောင်သခင်ကြီး...ဒါမှ ရှေ့ဆက်ခရီးတွင်မှာလေ..."
" အိမ်ထိန်းကြီးပြောတာ သဘာဝကျပါတယ်...ကျတော် အခြားအနှောက်အယှက်တွေတော့ မရှုပ်စေချင်ဘူး..."
" စိတ်ချပါ သခင်ကြီး...ဆောင်ကြာမြိုင်ပိုင်ရှင်ကို သေသေချာချာမှာထားပေးပါ့မယ်..."
ဒီလိုနဲ့ပဲ နမ်းဂျွန်းနဲ့အိမ်ထိန်းကြီးအပါ တပည့်သုံးယောက်လဲ ပင်ပန်းနွမ်းနယ်နေကြတာမို့ နီးစပ်ရာ ဆောင်ကြာမြိုင်မှာပဲ အခန်းတစ်ခန်းယူပီး နားဖြစ်ခဲ့တော့သည်.....
....................
ကောင်းကင်နန်းတော်တွင်ဖြစ်သည်...တောင်တော်သခင်တွေအားလုံးလဲ ကောင်းကင်နန်းတော်တွင် စုဝေးလျှက်ရှိကြသည်..." ကိုယ်တော့်ကို သေသေချာချာ ပြန်ပြင်လျှောက်တင်စမ်း အီဟီးဆွန်း...ခုဏက မောင်မင်းလျှောက်တင်တာ မကြားခဲ့ဘူးလို့ သတ်မှတ်ပေးမယ်...."
ညီတော်တွေကလဲ မလျှောက်တင်ရန် ဝိုင်းဝန်းနားချနေသလို အကိုတော်ကြီးကလည်း စိတ်မကောင်းသည့် မျက်နှာတော်နှင့် ငြိုးငယ်စွာဖြင့် ငေးကြည့်နေခဲ့သည်...
" အကိုတော် (၁) ညီတော်တောင်းပန်ပါတယ်...ညီတော်တွေကို မစောင့်ရှောက်နိုင်တာလည်း အကိုကြီးကို ခွင့်လွှတ်ပေးကြပါ..."
တောင်တော်မှာ အတူတာဝန်ထမ်းဆောင်နေကြဖြစ်သော ညီတော်ငယ်လေးက မျက်ရည်တသွင်သွင်ကျနေပီး မသွားဖြစ်အောင် တားနေသေးသည်...
" အကိုတော် (၂) ဆုံးဖြတ်ချက်ကို ပြန်မပြင်တော့ဘူးလား..ညီတော်တို့ကို တကယ်ခွဲသွားတော့မှာလားဗျာ..."
" တောင်းပန်ပါတယ် ညီတော်တို့ရယ်...အသုံးမကျတဲ့အကိုတော်ကို ခွင့်လွှတ်ကြပါ..."
YOU ARE READING
SARANG
Historical FictionJeon..... အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ မသိပေမယ့် ကျနော်သိတဲ့အချစ်က အကိုတော်ပဲ...အများကပြောကြတာတော့ မဖြစ်နိုင်တာကို မိုက်ရူးရဲဆန်တာတဲ့လေ....ပြောချင်တာပြောကြပါစေ...ဒီဘဝမှာ မဖြစ်နိုင်ခဲ့ရင်တောင် နောင်ဘဝအဆက်ဆက် အကိုတော်နားမှာပဲ ကပ်တွယ်နေမယ့် လူသားကျနော်...