ဂျီမင်းတို့ မနက်ပွဲတော်တည်ပီး ခရီးဆက်ထွက်ခဲ့သည်....သူပုန်တွေရဲ့ နယ်မြေနားကပ်လာလေ အန္တရာယ်များလာလေကြောင့်သတိထားနေရသည်....ရန်သူ့စခန်းကို ဝင်သိမ်းရန် အချိန်ကောင်းကို စိတ်ရှည်ရှည်စောင့်ဆိုင်းနေလိုက်သည်....
ထိုသူပုန်နယ်က ချင်နိုင်ငံနှင့် ဂျိုဆွန်းပြည်ရဲ့ နယ်စပ်နယ်မြေတစ်ခု.....ချင်နိုင်ငံရဲ့အထောက်အပံ့ကောင်းကောင်းရထားသည်....ချင်နိုင်ငံရဲ့ ဘုရင်ကိုယ်တိုင် နယ်မြေချဲ့ထွင်ရန် ပဏမနေရာချထားသော ချင်နိုင်ငံသားများဖြစ်သည်....ထိုချင်နိုင်ငံသားတို့က မထင်ရင်မထင်သလို ဂျိုဆွန်းပြည်ဖက်ဝင်လာတတ်ပီး ပြည်သူများကို ဒုက္ခပေးတတ်သေးသည်ကြောင့် ဂျိုဆွန်းဘုရင်က အိမ်ရှေ့စံကို ကိုယ်တိုင်သွားရောက်သုတ်သင်ခိုင်းခြင်းဖြစ်သည်
ဂျီမင်းစောင့်နေရင်း ရန်သူစခန်းမှာ လောကကြီးအကြောင်းမသိနားမလည်သေးသော ကလေးများလဲရှိနေသည်....ကလေးတွေရဲ့ မိခင်ဟုထင်ရသော အမျိုးသမီးများလဲ ရှိနေသည်ကြောင့် အတတ်နိုင်ဆုံးအထိအခိုက်နဲပီး အရှင်ဖမ်းမိဖို့ ဗျူဟာသေချာဆွဲရတော့သည်....
သနားတတ်လွန်းသော ညီတော်ကို စိုးရိမ်စိတ်နဲ့ကြည့်လိုက်တော့ မျက်နှာလေးက ဇီးရွက်လောက်သာရှိတော့သည်....ဒါပေမယ့် ဂျီမင်းလှည့်ကြည့်လိုက်ချိန် နောက်ဆံမတင်းစေချင်တာကြောင့်လားမသိ....သူအဆင်ပြေပါတယ်ဆိုပီး ခပ်ယဲ့ယဲ့ပြုံးပြနေတော့ ရင်ဘတ်တစ်ခုလုံး လှိုက်ခနဲ လစ်ဟာသွားသလို...
ဂျီမင်းအတွေးများပီး တစ်ချက်ငိုင်သွားတော့ လက်လေးကိုဆုပ်ကိုင်လာသူက ချစ်ရသော ဖြူဖြူစင်စင်လေး....တစ်ခါတစ်လေ သူလျှောက်ရမယ့်လမ်းက ခက်ခဲလွန်းနေပြန်သည်....အထူးသဖြင့် ယခုလို အခြေအနေနဲ့ကြုံရလျှင် အတိမ်းအစောင်းမဖြစ်စေရန် ကြိုးစားရတာ ပင်ပန်းလွန်းလှသည်...
ကလေးနဲ့အမျိုးသမီးတွေပဲဆိုပီး သက်ညှာပေးပြန်ရင်လဲ အမတ်တွေနဲ့ ထိပ်တိုက်ရှင်းရမည်....အကုန်သတ်ပစ်ဖို့ကျလဲ ပြိုတော့မလိုမျက်နှာလေးကို သနားရလွန်းလို့ ခက်ရချေပီ.....ဒါကြောင့် ကလေးနဲ့ အမျိုးသမီးတွေက ရဲမက်တွေကို အသက်အန္တရာယ်မပေးပဲနေခဲ့လျှင် အသက်ချမ်းသာပေးပီး သုန့်ပန်းအဖြစ်ခေါ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့သည်.....
YOU ARE READING
SARANG
Tiểu thuyết Lịch sửJeon..... အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ မသိပေမယ့် ကျနော်သိတဲ့အချစ်က အကိုတော်ပဲ...အများကပြောကြတာတော့ မဖြစ်နိုင်တာကို မိုက်ရူးရဲဆန်တာတဲ့လေ....ပြောချင်တာပြောကြပါစေ...ဒီဘဝမှာ မဖြစ်နိုင်ခဲ့ရင်တောင် နောင်ဘဝအဆက်ဆက် အကိုတော်နားမှာပဲ ကပ်တွယ်နေမယ့် လူသားကျနော်...