💜 ဒို့နှစ်ယောက်ရဲ့ ကမ္ဘာ 💜

860 90 10
                                    

ပုံမှန်ဆိုလျှင်တော့ ဂျောင်ကုညီလာခံမတက်ရ....ဒီနေ့ကတော့ ခမည်းတော်ရဲ့ ဆင့်ခေါ်မှုကြောင့် ညီလာခံသဘင်ထဲ​ရောက်နေခြင်းဖြစ်သည်....

" သားတော်လေး....ကျန်းမာရဲ့လား သားတော်....သားတော်ကို ညီလာခံကိုဆင့်ခေါ်လိုက်တာက ခမည်းတော်တာဝန်တစ်ခု ပေးချင်လို့ကွဲ့....."

" နာခံလျှက်ပါ ခမည်းတော်...."

" မင်းရဲ့အကိုတော်ကို ကူညီပီး ပုန်ကန်အုံကြွနေတဲ့ နယ်ကိုသွားစေချင်တယ်....သားတော်အတွက်ရော အကိုတော်အတွက်ရော ပထမဆုံး စစ်မြေပြင်ဖြစ်လိမ့်မယ်.....အဲ့ဒီကနေ ဂျိုဆွန်းပြည်နယ်တဝိုက် သားတော်တို့ဩဇာတည်မြဲစေချင်တယ်....

အိမ်ရှေ့စံရော ဘယ်လိုသဘောရလဲ...."

" ခမည်းတော်....သားတော်တစ်ယောက်ထဲသွားလို့မဖြစ်ဘူးလား....သားတော်ခမည်းတော်ဂုဏ်ရှိန် မငြိုးနွမ်းစေရဘူးလို့ အာမခံပါတယ်ခမည်းတော်.....ဂျွန်းမင်းသားက ငယ်သေးတော့...."

" အိမ်ရှေ့စံနဲ့ တစ်ပတ်ပဲကွာတာလေ....ဪ....ဂျွန်းမင်းသားငယ်က ကြင်နာသနားတတ်​တာတော့ ခမည်းတော်စိတ်ပူမိတယ်.....သားတော်ငယ်ရော သွားချင်ရဲ့လားကွယ့်...."

" သားတော် အကိုတော်နောက်ဖဝါးထပ်မျှ လိုက်ဖို့အဆင်သင့်ပါခမည်းတော်....."

ဂျွန်းမိဖုရားကတော့ သူဆင်တဲ့ထောင်ချောက် သူကိုယ်တိုင်မိနေပီဖြစ်သည်.....အိမ်ရှေ့စံစစ်မြေပြင်ရောက်ရင် တစ်ခါထဲလက်စဖျောက်ဖို့ကြံစည်နေတာ အကြံအိုက်ချေပီ....

" အိမ်း....သားတော်တို့ကို ခမည်းတော်ယုံကြည်တယ်...ပြန်လာခဲ့ရင် ခမည်းတော်သေရည်ငှဲ့ပီး ဂုဏ်ပြုမယ်...နောက်နှစ်ရက်နေရင် နေပြည်တော်ကထွက်ဖို့ ပြင်ဆင်ကြတော့ သားတော်တို့....အဲ့ကိစ္စပီးတာနဲ့ သားတော်တို့အတွက် မင်္ဂလာပွဲစီစဉ်ပေးရမယ်....
အမတ်ကြီးတို့လဲ ဘာလျှောက်တင်စရာရှိသေးလဲ...."

ဂျီမင်းရော ဂျောင်ကုရော မတိုင်ပင်ရပဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်....မျက်ဝန်းထဲမှာတော့ ကိုယ်စီမျက်ရည်ဝဲလျှက်ပေါ့....

" မရှိတော့ပါဘူး အရှင်မင်းကြီး...."

" အိမ်း....ဒါဆိုညီလာခံသိမ်းမယ်...."

SARANGWhere stories live. Discover now