နမ်ဂျွန်းကို ဘုရင်မင်းမြတ်က အခေါ်တော်ရှိ၍ နန်းဆောင်ထဲတွင် ဝင်ရောက်အခစားဝင်နေခြင်းဖြစ်သည်....
" ကင်မ်နမ်ဂျွန်း အရှင်မင်းကြီးကို လာရောက်ခစားလျှက်ရှိကြောင်းပါ...."
" ဪ...နမ်ဂျွန်း တောင်ပြန်လာပီပဲ....ဟိုဘက်နိုင်ငံမှာအဆင်ပြေခဲ့ရဲ့လားကွဲ့..."
" အရှင်မင်းကြီးကျေးဇူးတော်ကြောင့် အခက်အခဲမရှိခဲ့ကြောင်းပါ ...."
" ကိုယ်တော် မိန့်မှာထားတဲ့အလုပ်ကိစ္စ ပီးပြတ်ခဲ့ပီလား နမ်ဂျွန်း..."
" အပြည့်အဝ ပီးပြတ်ခဲ့ပါတယ်မင်းကြီး....စိတ်ပူစရာ မလိုအပ်တော့ပါဘူး ဗျ...."
" အေး...ကောင်းတယ်...သားတော်ကို အမြန်ထီးနန်းတင်မှ ရမယ်...ဒါမှကိုယ်တော်စိတ်အေးရမှာ...."
" ကျနော်မျိုး အရှင့်အတွက် အသက်ပေးဖို့တောင် ဝန်မလေးတဲ့သူမို့ အသုံးချတော်မူပါ မင်းကြီး...."
" ယုံကြည်ပါတယ်....ကြင်ယာတော်လေးနဲ့ရော တွေ့ပီးပီလား....နမ်ဂျွန်း..."
" အရှင့်ကို ခစားပီးအပြန် ဝင်တွေ့လိုက်ပါ့မယ်ဗျ..."
" ကောင်းပီ....လက်ဖက်ရည်လေး သောက်ရင်း ဘာတွေကြုံတွေ့ခဲ့လဲ ကိုယ်တော့်ကို လျှောက်တင်ပါအုံး....ကျားကစားရင်း စကားစမြည်ပြောကြတာပေါ့..."
" အမိန့်တော်ကို နာခံလျက်ပါအရှင်မင်းကြီး..."
မင်းကြီးနဲ့ ကျားကစားလိုက် အကြမ်းရည်လေးသောက်လိုက် စကားတွေဖောင်ဖွဲ့ပြောနေရင်းက ရုတ်တရက် မင်းကြီး ထလုပ်လိုက်သော ထူးဆန်းလှတဲ့ အပြုအမူကြောင့် မျက်လုံးများပင် ပြူးဝိုင်းသွားရသည်....
ကျားကွက်ကစားနေရင်း တစ်ကိုယ်လုံးတုန်ယင်လာပီး ခေါင်းက ငိုက်ကျသွားသည်....ရယ်သံကြီးကလဲ ကြောက်မက်ဖွယ်ရာ....ပီးတော့ ကစားနေရင်းတန်းလန်းနှင့် အိပ်ရာထဲဝင်သွားလို့ အထိန်းတော်ကြီးကို ခေါ်လိုက်တော့ ပုံမှန်ဖြစ်နေကြ အပြုအမူတွေလို အံ့ဩသည့်အရိပ်အယောင် ရှိမနေ....မင်းကြီးအိပ်တော့မှာဆိုပီးတောင် ပြန်လွှတ်နေသေးသည်မို့ လုံးဝနားမလည်နိုင်အောင် ဖြစ်ရသည်....နောက်ဆုံး ခေါင်းကုတ်ခြေကုတ်နဲ့ ပြန်လာခဲ့ရတာမို့ စိတ်ထဲတော့ သိပ်ဘဝင်မကျလှ......
YOU ARE READING
SARANG
Historical FictionJeon..... အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ မသိပေမယ့် ကျနော်သိတဲ့အချစ်က အကိုတော်ပဲ...အများကပြောကြတာတော့ မဖြစ်နိုင်တာကို မိုက်ရူးရဲဆန်တာတဲ့လေ....ပြောချင်တာပြောကြပါစေ...ဒီဘဝမှာ မဖြစ်နိုင်ခဲ့ရင်တောင် နောင်ဘဝအဆက်ဆက် အကိုတော်နားမှာပဲ ကပ်တွယ်နေမယ့် လူသားကျနော်...