မင်းညီမင်းသားများစုပေါင်း၍ တောကစားထွက်ရန် နေရာရွေးနေကြခြင်းဖြစ်သည်...Jimin ကတော့ အားလုံးအန္တရာယ်ကင်းစေရန် တောလည်နေကျ တောတွင်းမှာပဲ အမဲလိုက်ထွက်ရန် ပြောလိုက်ပေမယ့် မတည့်အတူနေ မမြင်ချောင်းကြည့် တစက်ကလေးမှမတည့်သော သူငယ်ချင်းပြိုင်ဘက်ကောင်က ထဖေါက်ပြန်သည်....
" ပုံမှန်တောတွေထဲမှာ တောကစားထွက်ရတာ ပျင်းစရာမကောင်းနေဘူးလား အိမ်ရှေ့မင်းသားရဲ့....တောကြမ်းတယ်လို့ နာမည်ကြီးနေတဲ့ နမ်ဆန်းတောင်မှာ အမဲလိုက်တာမှ စိတ်လှုပ်ရှားဖို့ ပိုမကောင်းဘူးလား...."
Taehyung အမြင်ကတ်ကတ်နဲ့ သွေးတိုးစမ်းလိုက်ခြင်းပင်....အိမ်ရှေ့စံဆိုပေမယ့် အရမ်းနူးနူးညံ့ညံ့ပုံစံကို မကြိုက်သောကြောင့်လဲ ငယ်စဉ်ကတည်းက အမြဲရန်စပီး တစ်ယောက်ထဲကျိတ်ပျော်နေတတ်သော အကျင့်က ကြီးလာတဲ့ထိ ဖျောက်မရ...အိမ်ရှေ့စံဆိုသော်ငြား ငယ်ပေါင်းတွေမို့ ကြောက်လန့်ခြင်းမရှိပဲ ဇိုးဇိုးဇတ်ဇတ် စနောက်နေကြဖြစ်သည်.....
" Jeon Taehyung shi...ဒါက ကိုယ်တော်ထင်တာ အန္တရာယ်များမယ်ထင်တယ်...ခါတိုင်းနေရာမှာပဲ အမဲလိုက်ထွက်ကြတာပေါ့...."
" ဪ....အိမ်ရှေ့စံမရဲဘူးဆိုလဲ တောကောင်မရှိတဲ့တောမှာပဲ အမဲလိုက်ချင်ယောင်ဆောင်ရတော့မှာပေါ့....ကျနော်ရဲ့ ကျွမ်းကျင်မှုတွေတော့ သိမ်းထားရတော့မှာပဲ....ဘယ်တတ်နိုင်မလဲ...အိမ်ရှေ့စံက ကြောက်တတ်တာကိုး...."
ပြုံးဖြီးဖြီးပြောနေသော အမတ်Jeon ရဲ့သား Jeon မိဘုရားရဲ့ တူဖြစ်သူက တော်တော်အမြင်ကတ်စရာပင်...အိမ်ရှေ့စံဆိုပီး လေးစားရကောင်းမှန်းမသိ....ခုမှတော်တော့သည်...ငယ်စဉ်ကဆို ပခုံးလာဖက်လိုက် ခေါင်းပုတ်လိုက်ဖြင့် တကယ့်မနိုင်တဲ့ကောင်ပင်....
ဒီလောက်မလေးမစားလုပ်နေတာ အပစ်မပေးဘူးလားဆိုတော့ မပေးရက်တာဆို ပိုမှန်မည်....အိမ်ရှေ့စံကို အမြဲစနောက်နေတတ်ပေမယ့် အိမ်ရှေ့စံ စိတ်ညစ်နေလျှင် ရုပ်တည်ကြီးနှင့် ရီစရာလုပ်ပြတတ်သူ....အိမ်ရှေ့စံနေမကောင်းလျှင် Jungkook နည်းတူ ပြာယာခတ်နေတတ်သူမို့ အပစ်မတင်သာ....Jimin ကိုလဲ တစ်ရက်မတွေ့ရလျှင် မသိမသာတစ်မျိုး အမြဲလိုက်ရှာ စနောက်နေတတ်သူပင်....
YOU ARE READING
SARANG
Historical FictionJeon..... အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ မသိပေမယ့် ကျနော်သိတဲ့အချစ်က အကိုတော်ပဲ...အများကပြောကြတာတော့ မဖြစ်နိုင်တာကို မိုက်ရူးရဲဆန်တာတဲ့လေ....ပြောချင်တာပြောကြပါစေ...ဒီဘဝမှာ မဖြစ်နိုင်ခဲ့ရင်တောင် နောင်ဘဝအဆက်ဆက် အကိုတော်နားမှာပဲ ကပ်တွယ်နေမယ့် လူသားကျနော်...