💜 အားပြိုင်မှု 💜

745 72 0
                                    

အိမ်ရှေ့စံအကိုတော်ဆော့ဂျင်ကို ရှောင်နိုင်ခဲ့ပေမယ့် ဂျွန်းမိဖုရားကိုတော့ မရှောင်နိုင်ခဲ့.....ခုလဲ ညနေခင်းချိန်လေး လသာဆောင်မှာ မောင်တော်တီးခတ်ပြတဲ့ စောင်းကြိုးခတ်သံကို ကြည်ကြည်နူးနူးလေးနားထောင်နေတာကို လာဖျက်ဆီးခံရပြန်ပီ.....

" ဂျွန်းမိဖုရားခေါင် ကြွချီလာပါတယ်....."

ဂျွန်းမိဖုရား ဘာအတွက်လာတယ် ဘာကိုလိုချင်တယ်ဆိုတာ ဂျီမင်းသိနေတာမို့ စိတ်အနှောက်အယှက် တော်တော်ဖြစ်မိပေမယ့် ကိုယ်အသည်းပြတ်မတတ် ချစ်ရတဲ့သူကို တယုတယပြုစုယုယခဲ့တဲ့ကျေးဇူးတွေက တင်ထားပီးပီမို့ မချစ်သော်လည်း အောင့်ကာနမ်းရပေအုံးမည်.....

အိမ်ရှေ့စံမျက်နှာလေး ကွက်ခနဲပျက်သွားတာ သတိထားမိတာနဲ့ ဂျောင်ကုပျာယာခတ်ရပီ....မယ်မယ်ဘုရားက ဘာတွေပြောအုံးမှာလဲ....နှစ်ယောက်သားရဲ့ဆက်ဆံရေးကို သိနေကြပီလား အစရှိသော သို့လောသို့လောမေးခွန်းတွေကြောင့် အတွေးတို့ ရှုပ်ရှက်ခတ်နေပီ.....အိမ်ရှေ့စံလက်ကလေးကို ခပ်ဖွဖွဆုပ်ကိုင်လိုက်ရင်း အဆင်ပြေမပြေမေးရမည်.....အိမ်ရှေ့စံအရာရာအဆင်ပြေစေဖို့သာ အဓိက.....

" ဂျီမင်း....အဆင်ပြေလား....အဆင်မပြေရင် မောင်တော်ရအောင် ပြန်ခေါ်သွားလိုက်မယ်...."

" ရတယ်....အဆင်ပြေတယ်မောင်တော်....ပြသနာမရှိဘူး....ပြေလည်အောင်ပြောပေးမယ်နော်...."

" မလိုဘူးဂျီမင်းအတွက် အဆင်ပြေဖို့က မောင်တော့်အတွက် အရေးအကြီးဆုံးပဲ....ဘယ်လိုသက်ရောက်မှုပဲရှိရှိ မောင်တော်ဂျီမင်းအတွက် အမြဲအသင့်ရှိနေတယ်နော်....မောင်တော့်ဂျီမင်းလေးက စိတ်မလောနဲ့ စိတ်အေးအေးထားဖြေရှင်းနိုင်ပါတယ်....မယ်တော်က စကားပရိယာယ်အရမ်းကြွယ်တယ်ဆိုတော့ သတိတော့ထားပါ...."

ဂျောင်ကုသေချာမှာနေရင်းမှာပဲ မယ်တော်ရောက်လာတော့ ကိုင်ထားတဲ့လက်လေးကို မလွှတ်ချင်လွှတ်ချင် လွှတ်ပေးလိုက်ရသည်....မယ်တော့်ကို နှစ်ဦးသား ဂါဝရပြုပီး နေရာကိုယ်စီယူကြစဉ်.....

" ဂျွန်းငယ်လေး....မယ်တော်နဲ့ မင်းအကိုတော်နဲ့ ပြောစရာရှိသေးတာမို့ စံအိမ်တော်ကို ပြန်နှင့်တော့.....မယ်တော်ပီးရင် လိုက်လာခဲ့မှာ....အဲ့တော့မှ မယ်တော်တို့ စကားကောင်းကောင်းပြောကြတာပေါ့...."

SARANGWhere stories live. Discover now