Part - 1

4.8K 297 18
                                    

Unicode

အုံ့မှိုင်းကာတိတ်ဆိတ်နေတဲ့ တောအုပ်ကြီးတမျှကျယ်ပြန့်တဲ့ ခြံကျယ်ကြီးရဲ့အလယ်တွင်တိတ်ဆိတ်စွာ အထီးကျန်မှုများစွာနဲ့ အိမ်ကြီးတစ်လုံး....
မြို့စွန်နားမရောက်တရောက်နားမှာတည်ရှိနေတာမို့ ခြံရှေ့ကဖြတ်သွားသော ကားတစ်စီးတစ်လေကလွဲရင် ကျန်တာ လူသူအရောက်အပေါက်နည်းသည်....

ပြတင်းပေါက်လိုက်ကာစလေးကို အသာလှပ်ရင်း သွားလာနေတဲ့ကားတစ်ချို့ကိုကြည့်ကာ သက်ပြင်းတိုးတိုးလေးချရင်းငေးနေတဲ့ကောင်ငယ်လေးတစ်ယောက်လဲ အိမ်ကြီးထဲတွင်ရှိနေပြန်သည်....။
ညနေခင်းပေမို့ သစ်ပင်ရိပ်တွေကြောင့် အုံ့ဆိုင်းကာနေတဲ့ခြံကြီးထဲမှာ အအေးဓာတ်က တခြားထက်ပိုသည်...

မကြာခင်မှောင်လာတော့မှာကိုသိနေ၍ အိမ်ကြီးထဲမှ တချို့နေရာတွေအား မီးသီးတွေလိုက်ဖွင့်ရင်း ထိုကောင်လေးရဲ့ အခန်းတွင်းကိုတော့ ဖယောင်းတိုင်အကြီးကြီးတွေ လေးငါးတိုင်မက လာရောက်ထွန်းပေးရင်း အခန်းတွင်းကိုလင်းစေသည်...။

ဖယောင်းတိုင်တွေအားမီးလိုက်ညှိပေးနေတဲ့.အသက်60နီးပါးအမျိုးသမီးကြီးက ကုတင်ထက်တွင် ပုံရက်သားလေးထိုင်နေတဲ့ အနှီလူသားလေးနားလျှောက်လှမ်းကာ ဘေးတွင်ရှိသော စားပွဲထက်တွင် ထိုလူသားလေးသဘောအကျဆုံးသော သေနတ်ပုံစံမျိုးနဲ့မီးခြစ်လေးကိုတင်ပေးကာ အပြင်ကို အသံတစ်ချက်ပြုသည်...

ထိုအသံကြောင့်ဝင်လာတဲ့ ဦးလေးကြီးက လက်ထဲတွင်စားစရာတချို့နဲ့အတူ ဆေးဘူးတစ်ချို့ကိုပါသယ်ဆောင်ကာ အခန်းတွင်းဝင်ရောက်လာသည်....။
စွပ်ပြုတ်ကိုနှုတ်ခမ်းနားတေ့ကာ စိတ်ရှည်ရှည်နဲ့သောက်စေရန်ချော့ကာ တိုက်ပေမဲ့ အလွန်ဆုံးလေးငါးဇွန်းထက်ပိုမစား....
ဆေးဘူးတွေဖွင့်ကာ ကောင်ငယ်လေးလက်ထဲထည့်ပေးတော့ ဘာသံမှမထွက်ပဲယူကာမော့သောက်ချသည် ..၊
ထို့နောက် စိတ်အနှောက်အယှက်ဖြစ်ဟန်အမူအရာကြောင့်နှစ်ယောက်သား အပြင်ကိုပြန်ထွက်သွားခဲ့ကြသည်..၊

အခန်းထဲတွင်တစ်ယောက်ထဲကျန်ခဲ့သော အနှီလူသားငယ်လေးကတော့ ကုတင်ထက်တွင်ထိုင်နေရာမှာထကာ အခန်းတွင်းမှဖယောင်းတိုင်များကိုတစ်တိုင်ချင်းဖြေးညှင်းစွာလိုက်မှုတ်သည်...
ထို့နောက် အနားတွင်ရှိသည့်အနွေးထည်ထူထူကို ထပ်ဝတ်ရင်း ပြတင်းပေါက်ဘောင်ပေါ်ကိုတက်ကာ မှောင်လာတဲ့လမ်းမထက်ကိုမမှိတ်မသုန်စိုက်ကြည့်ရင်း ခပ်ရေးရေးမြင်နေရတဲ့ လမင်းကြီးကိုမော့ကြည့်ကာ ပြုံးနေပြန်သည်....။

𝙷𝚘𝚗𝚎𝚢 // 𝙳𝚘𝚞𝚋𝚕𝚎 𝙹Where stories live. Discover now