Unicode
" ယွန်း ...ယွန်း တံခါးဖွင့်ပါဦး..."
အသံတွေဟာ ဝေးသွားလိုက်နီးလာလိုက်ဖြင့် အစစ်အမှန်လား သံယောင်လေပဲလား ဂျယ်ယွန်းမသဲကွဲစွာ ထိုအသံကိုနားစိုက်ထောင်မိသည်..။
မှေးခနဲအိပ်ပျော်သွားချိန်မှာ ထွက်ပေါ်လာသော အသံကသိသာထင်ရှားသည်..၊မျက်ဝန်းတွေကို မဖွင့်ချင်ပါပဲ အားယူကာဖွင့်ကြည့်ချိန်မှာ ဘေးနားမှာမီးအိမ်ရဲ့အရောင်ဖျော့ဖျော့ကလွဲရင် အခန်းတွင်းမှောင်ကာနေသည်..။
ခေါ်သံက နားကြားမှားတာပဲလား....
နာရီကိုတစ်ချက်ကြည့်တော့ မနက်လေးနာရီကျော်နေပီဖြစ်၍ စိတ်ပျက်လက်ပျက် မျက်မှောင်ကိုကျုံ့ကာ အိပ်ထား၍ရှုပ်ပွနေသော ဆံပင်တွေကြားထဲ လက်ထိုးဖွကာ ထိုင်ရက်အတိုင်း ခဏလောက်ဆက်ထိုင်နေမိသေးသည်....
ထိုခဏမှာ တစ်ဂျစ်ဂျစ်နဲ့ကုတ်ခြစ်သံကြောင့် အခန်းတံခါးဆီအကြည့်ပို့မိသည်.....
အခန်းထဲတွင်သိပ်ထားသောကြောင်ပေါက်စလေးက အခန်းတံခါးကိုကုတ်ကာ ကပ်နေသည်ပဲ...။
ကုတင်ပေါ်မှထကာ တံခါးနားက ထိုသတ္တဝါလေးကို ပြန်လည်ပွေ့ချီကာ ကုတင်ပေါ်ပြန်တင်သိပ်နေဆဲ စားပွဲပေါ်ကဖုန်းဆီမှ အသံတို့ဆူညံလာသည်...။
ဂျယ်ယွန်းအနည်းငယ်အံ့သြသွားရသည် ....
ဒီဖုန်းနံပါတ်အားသိတဲ့သူဆို၍ ဂျေးနဲ့ ဟီဆွန်းတို့နှစ်ယောက်အပြင် မသိ၍ ဒီအချိန်ဖုန်းဆက်တာက ဘာအကြောင်းကြောင့်များလဲမသိ၍ အလျှင်အမြန်ပင်ကိုင်လိုက်သည်...။" ယွန်း...ကိုယ်ပါ.."
" ဂျေး.....ဘာလို့ဖုန်းဆက်.."
" လန့်မသွားနဲ့နော်....ကိုယ်အခုဆေးရုံမှာ..."
လန့်မသွားနှင့်ဆိုသော်လည်း ထိတ်ထိတ်ပျာပျာနဲ့ ဂျယ်ယွန်းရဲ့အမေးစကားတွေဟာ တုန်ယင်သွားရသည်.
" ဟင်...ဂျေးကဘာဖြစ်လို့လဲ..."
" ကိုယ်မဟုတ်ဘူး ဆောင်းဟွန်း....ညက ကလပ်မှာရန်ဖြစ်တာ...မင်းအမေရဲ့ ယောက်ျားဘက်ကပါလာတဲ့သားနဲ့တဲ့....ကိုယ်မင်းကိုနှိုးတာပဲ မင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်နေလို့ထွက်လာလိုက်တာ.."