Unicode
မုန်းသည်...။
ထို့ထက်ပိုသည် အလေးပေးခံရတဲ့အခါတိုင်း ပွေ့ဖက်ခံထားရတဲ့အချိန်တိုင်း မထုံတက်တေးမျက်ဝန်းတွေနှင့် ချစ်စဖွယ်ပြုမူတိုင်းမျက်စိရှေ့မှာမြင်နေရသော အနှီမကောင်းဝါးဆိုးလေးဟာ သူ့အတွက်မုန်းစရာအင်မတန်ကောင်းသည် ။
လှုပ်ရှားမှုတစ်ခုတိုင်းက ကျက်သရေမရှိသလိုခံစားရသည်
အမြီးလှုပ်တဲ့အခါဖြစ်စေ ညှောင်ခနဲအသံပြုတဲ့အခါဖြစ်စေ တစ်စက်မှမြင်ချင်စရာမရှိအောင် မုန်းစဖွယ်ပင်။မီရာ့လိုဂြိုလ်ဆိုးနီးပါးမဟုတ်ပေမယ့် ထိုသတ္တဝါလေးဟာလဲ အနှောင့်အယှက်တင်မဟုတ် ဂျယ်ယွန်းကိုပါနာကျင်စေသေးသည်
သွေးပေနေသော လက်အားဘေစင်တွင်ဆေးကြောတဲ့အခါ ထိုသွေးစက်တွေဟာ ဂျယ်ယွန်းရဲ့သွေးစက်တွေမှန်းသိနေတဲ့အခါ အလိုလိုနေရင်း နာကျင်သည်
တွေးလေတွေးလေ စိတ်ချမ်းမြေ့စရာမကောင်းသော အရာတွေကိုဆက်တိုက်ခံစားလာရသည်...။အသက်ကို၀၀ရှူရှိူက်ပီးတဲ့နောက် မျက်လုံးထဲလက်ခနဲမြင်ယောင်လိုက်သော ဓားလေးတစ်လက်ကိုဆုပ်ကိုင်လိုက်သည်...။
ဒီဓားပါးလေးရဲ့ချွန်ထက်မှုက တစ်ချက်ထိရုံနဲ့တင် ရှသွားနိုင်သည်မဟုတ်လား...။
ခြံထဲမှာပဲလျှောက်ပတ်နေသော ထိုမကောင်းဆိုးဝါးနားကို ခြေသံလုံလုံနှင့်တိုးကပ်တဲ့အခါ ကျောခိုင်းထိုင်ကာ သူအမုန်းဆုံးသော အမြီးတွေကိုလှုပ်ရမ်းနေသည် ...
ဖြေးဖြေးချင်းတိုးကပ်ကာ ဂုတ်ကနေဆွဲမြှောက်တဲ့အခါ ခြေကားယားလက်ကားယားနဲ့ပါလာသောကောင်ဟာ ကြောက်လန့်တကြားအော်ဟစ်ကာရုန်းကန်သည်...
နားညီးလွန်းစွာ စုတ်တစ်ချက်သပ်ရင်း မြေပြင်ကို ပြန်ပစ်ချကာ ခေါင်းအားမြေပြင်နှင့်သုံးချက်လောက်ဆောင့်လိုက်တဲ့အခါမှ ခွီးခွီးနှင့်အော်သံဟာပျောက်ရှသွားသည်...သို့ပေမယ့် တအီအီအော်သံဟာထွက်နေဆဲပင် စိတ်ရှုပ်စွာ ငုတ်တုတ်ထိုင်ချလိုက်ကာ ဘေးမှာရှိတဲ့ ခဲတစ်ခုနှင့် နှာနုရိုးအား ထုချလိုက်တဲ့အခါ သွေးတွေဖြာထွက်လာသည်...။