Part - 9

1.1K 216 17
                                    

Unicode

လေဆိပ်ထဲမှပျားပန်းခတ်သွားလာနေကြသော လူအုပ်စုအတွင်းမှာ ကျီးကန်းတောင်မှောက်လိုက်ကြည့်ရင်း နှုတ်ခမ်းကတတွတ်တွတ်နှင့်ရေရွတ်သောအမည်နာမလေးက တစ်ခုတည်း...
ရင်တစ်ခုလုံးဗြောင်းဆန်ကာ ချွေးသံတရွဲရွဲဖြစ်နေသော်လည်း...ခြေထောက်တွေနာကျင်နေသော်လည်း...ထိုလေဆိပ်ထဲမှာ သူလျောက်ပြေးကာရအောင်ရှာဖွေနေဦးမည်..။

ဒီတိုင်းတော့ထားခဲ့လို့မဖြစ်ဘူးလေ ဝန်းငယ်....ကျေးဇူးပြုပီးပြန်လာခဲ့ပါ...။

မောဟိုက်နေတဲ့ရင်အစုံကိုလက်တဖက်နှင့်ဖိရင်း ဒူးထောက်ထိုင်ချလိုက်တဲ့အခါမှာ.မျက်ဝန်းရှေ့မှာအရိပ်လေးဟာ မဲ့ပြုံးတစ်ခုနဲ့ ကြည့်ကာ ကျောခိုင်းကာသွားသည်...

မျက်ရည်နဲ့ချွေးတွေကြောင့်ေ၀ဝါးနေသောမျက်လုံးဟာထိုပုံရိပ်ကိုမြင်ဖြစ်အောင်မြင်လိုက်သေး၍ အားတင်းကာ ထလိုက်ရန်ပြင်သော်လည်း ထုံကျင်သောခြေထောက်ကအခွင့််မပေးပဲ ဒူးထောက်လျက်သားနှင့်သာ...

ပြန်လာခဲ့ပါ ဝန်းငယ်...ကိုယ့်ကိုမထားခဲ့ပါနဲ့...။

ထိုစကားကိုအကြိမ်ကြိမ်ရေရွတ်နေသော်လည်း ရက်စက်လွန်းသော လူသားငယ်ဟာတော့ ကျောခိုင်းထားသော နောက်ကျောပြင်တစ်ခုကိုသာမြင်တွေ့စေခဲ့သည်..။

" ဝန်း...ဝန်းငယ် .."

နောက်ဆုံးလက်ကျန်အားနဲ့ကြုံးအော်လိုက်ချိန်မှာ ခန္ဓာကိုယ်က လွတ်လပ်သွားသယောင်ပေါ့ပါးသွားကာ နားထဲတွင်.အသံတစ်ချိူ့ကြားလိုက်ရသည်..
ေ၀ဝါးနေသောမျက်လုံးတွေဖွင့်ကြည့်ချိန်မှာ အခန်းမျက်နှာကျက်တစ်ခု...
အမြင်ရှင်းအောင် ခေါင်းကိုခါပစ်လိုက်ကာ လှဲလျောင်းနေသော ခန္ဓာကိုယ်ကို အားယူထလိုက်သည်..။

တစ်ကိုယ်လုံးနာကျင်ကာ မူးနောက်နောက်ခေါင်းကိုထိန်းကာထလိုက်ချိန်မှာ ပြတင်းပေါက်မှတဆင့်အပြင်ကိုမျက်နှာမူကာ အခန်းတွင်းကိူကျောပေးရပ်နေသော ဟီဆွန်း Hyungကိုတွေ့ရသည်..။

" Hyung.."

လေသံမျှလောက်နဲ့ခေါ်ပေမယ့်.ကြားပုံရတဲ့Hyungက လှည့်ကာ မူပိုင်အပြုံးနုနုနှင့် အနားကိုလျှောက်လှမ်းလာသည်...။

𝙷𝚘𝚗𝚎𝚢 // 𝙳𝚘𝚞𝚋𝚕𝚎 𝙹Where stories live. Discover now