Unicode
စုပုံထားသော ပန်းပွင့်တွေကြား ဂန္ဓမာပန်းတစ်ပွင့်အား တင်ဆောင်ရင်း တဖြတ်ဖြတ်နှင့် ကင်မရာတွေဘက်ကိုတစ်ချက်လှည့်ကြည့်ဖြစ်သည် ...
အာရုံစိုက်သောအကြည့်တွေကြားမှာ မျက်ဝန်းအကြည့်တွေအား ဝေ့၀ဲကာကြည့်ရင်း ဓာတ်ပုံဘောင်အတွင်းမှ မဖြူစင်သော အကြည့်တွေကိုဟန်ဆောင်ပြုံးနှင့်ထိန်းထားသော မိန်းမဟာ အရာခပ်သိမ်းချုပ်ငြိမ်းကုန်လေပြီ...။ဒူးထောက်ထိုင်ချရင်း ကန်တော့ခြင်းကိုအဆုံးသတ်တဲ့အခါ ကြမ်းပြင်ထက်သို့ငုံ့ကျသော မျက်နှာသည် လှောင်ပြုံးတစ်စုံကိုချိတ်ဆွဲထားသည်..
လူသူမမြင်အောင် ပြုံးရယ်မိသော သူဟာ လူအများအမြင်မှာ ပွဲတက်ဖို့မြင်ခဲလှသော ပတ်ဂျေးဟာ လူမှုရေးနားလည်သော သူတစ်ယောက်အဖြစ်နှင့်တီးတိုးသမုတ်ခြင်းခံရသည်...
ငိုကြွေးသံတချို့တလေမျှရှိမနေသော ခန်းမအတွင်း လက်မောင်းပတ်နှင့် အနက်ရောင်ဝတ်စုံဆင်မြန်းထားသော လူကြီးတစ်ယောက်နှင့် မူးရူးနေဟန် ချာတိတ်လေးတစ်ယောက်သည်သာ စိတ်ညစ်ညူးဖွယ် မတ်တပ်ရပ်နေသည်...
ဓာတ်ပုံအား စူးရဲစွာပြန်စိုက်ကြည့်ရင်း လုပ်ခဲ့သမျှအတွက်နောင်တတစ်စုံတရာမျှမရှိပေ...။ ပုံမှန်သောက်နေကျ အားဆေးပုလင်းအတွင်းမှ အားဆေးတောင့်ဟာ အဆိပ်တစ်တောင့်ဖြစ်နေမည်ကိုတော့ မည်သူက သတိထားမိမည်လဲ... စိတ်ကျရောဂါသည်တစ်ယောက်ရဲ့ သတ်သေခြင်းဆိုတာ နိဂုံးဖြစ်ပေလိမ့်မည်...။
ခံစားရတာတန်သည်မဟုတ်လား...နှစ်ပေါင်းတွေကြာအောင် ဆေးတွင်နှင့်မျှင်းသတ်ထားခြင်းခံရသော လူသားငယ်မျက်နှာနှင့်ယှဉ်လျှင် မီရာ့ရဲ့ အသက်ထွက်ဖို့အချိန်ဟာ
လေးမိနစ်?
သို့မဟုတ် ငါးမိနစ်? ထိုမျှလောက်ခံစားရတာကပဲကံကောင်းလွန်းသည်မဟုတ်ပါလား....။
သို့ပေမယ့် ထိုကိစ္စတွေအတွက်ဆောင်းဟွန်းအား ကျေးဇူးတင်ရမည်..။
ဆောင်းဟွန်းအဖေရဲ့ကျေးဇူးတွေနှင့် အမှုက သတ်သေခြင်းနှင့်ပြီးဆုံးသွားခဲ့သည် ။ဥပဒေထက်မှာ ဘယ်သူမှမရှိဘူးဆိုတဲ့စကားအား ပတ်ဂျေးက ဟဟလို့ ရယ်ရင်း လှောင်ချင်သေးသည်...။