Unicode
အလင်းရောင်မှိတ်ဖျဖျပဲတိုးဝင်သော အခန်းတွင်းမှာ ကောင်ငယ်လေးဟာ အိပ်မောကျနေဆဲ။
သွေးရောင်မလွှမ်းပဲဖျော့တော့နေသော မျက်နှာပြင်လေးဟာ ဝါကျင့်ကျင့်မီးရောင်အောက်မှာ နုဖျော့ကာနေသည်..
မျက်ခုံးတွေထိစပ်လုနီးပါး တွန့်ချိုးကာ နှုတ်ခမ်းဖျားလေးတွေဟကာ တုန်ရီနေသောကောင်လေးဟာ ယောင်ယမ်း၍လဲနေသေးသည်..။နဖူးပြင်မှာချွေးစေးတို့က နေရာယူကာ အပူငွေ့ဟာ သူအကြိမ်ကြိမ်ရေပတ်ဝတ်ဖြင့်ပွတ်သုတ်ပေးနေသည့်တိုင်အောင် လျှော့ကျမသွားပေ။
နှာခေါင်းသွေးတွေဟာ တော်ရုံနှင့်မတိတ်ပဲ အချိန်အတန်ကြာမှာတိတ်သွားသည့်အခါ ဖြူရော်စွာကျန်ခဲ့သော ဂျယ်ယွန်းဟာ ထိုအချိန်ထဲကသတိမဝင်ပဲ အိပ်ပျော်နေဆဲပင် ။
သွေးစတွေကျန်နေသေးသော လည်ပင်းတစ်လျှောက်ကို ရေပတ်ဝတ်ဖြင့်ပွတ်ကာသန့်ရှင်းစေရာ လည်ပင်းသားဖြူနုနုထက်တွင်ပေါ်နေသော အနီရောင်အရာငယ်ဟာ ဖိကာနမ်းထားသော သူ့လက်ချက်ကြောင့်ဖြစ်တည်နေသော လက်ရာပင်ဖြစ်သည် ။
ပိုင်ဆိုင်ကြောင်းတံဆိပ်တပ်လိုက်သော အရာငယ်ဖြစ်သည်မို့လား..
ခေါင်းကိုငုံလျှိုးကာ ထိုအရာငယ်ပေါ် ဖွဖွနမ်းရှိုက်တဲ့အခါ ကိုယ်ငယ်ဟာတွန့်ခနဲ နှုတ်ဖျားမှလဲ ဟင့်ခနဲအသံသေးသေးကထွက်ပေါ်လာသည်..။.အဖျားရှိန်နှင့်ရဲရဲနီနေသောပါးပြင်ကို လက်ဖြင့်ဖွဖွလေးပွတ်ကာ တစ်ချက်ပြုံးလိုက်ပီးနောက် စောင်ကိုဆွဲဖယ်ကာ ညဝတ် ဝတ်စုံပါးပါးကိုလဲလှယ်ပေး၍ ကိုယ်တိုင်သွေးတွေစွန်းပေနေသော အဝတ်အစားများကြောင့် သန့်ရှင်းကာ ယွန်းအနားမှ တဖဝါးမခွာမိတော့..။
ဂျေးကိုကြောက်တယ်တဲ့...။
မရည်ရွယ်ပါဘူးယွန်းရယ်...နာကျင်စေဖို့လဲမရည်ရွယ်သလို သူ့အားကြောက်ရွံ့စေဖို့လဲရည်ရွယ်ခြင်းမရှိခဲ့ပါဘူး...။
သိပ်ချစ်လို့လို့ခေါင်းစဉ်တပ်ချင်ပေမယ့် ကြောက်စရာလူအဖြစ်မြင်ယောင်နေတာကိုလဲအပြစ်လို့မဆိုချင်ပေ..။
ရူးသွပ်နေခဲ့ပီးပီမို့
ဘယ်ချိန်မှာ ဘယ်ကစ၍ရူးသွပ်ခဲ့လဲမသိပေမယ့် ပြန်လမ်းမဲ့အောင်ရူးသွပ်နေခဲ့ပြီးပြီမို့