Unicode
တစ်ခါတစ်ရံမှာ အချစ်ကိုပုံဖော်မပြနိုင်တဲ့အခါ စာလုံးလေးတွေအဖြစ်ပြောင်းလဲပစ်ကြတယ်
အနူးညံ့ဆုံးအလွှာပေါင်းစုံနဲ့ဖြစ်တည်ရာ အရာငယ်လေးကိုပြပါဆိုလျှင်ဂျေးကတော့ဖြင့် ဟန်နီ့ကိုလက်ညှိုးပြချင်တယ်..။
မထုံတက်တေးလေးလုပ်တတ်တဲ့ ခပ်စွာစွာလူသားလေးက ရင်ခွင်ထဲထွေးပိုက်ရင်တောင်မလုံလောက်တဲ့အနေအထား..နှာခေါင်းကိုနစ်ဝင်မတတ် နမ်းရှိုက်ချင်တယ်..။ ပါးဖောင်းဖောင်းလေးကိုဖွဖွလေးကိုက်ရင် ပန်းနုရောင်လေးသမ်းတတ်သေးတယ်..။
ဂျေးလို့ခပ်ဆွဲဆွဲလေးခေါ်ကာချွဲတတ်တာကို လူသူမမြင်အောင်ဖွက်သိမ်းချင်ပါရဲ့..။ တစ်နေ့တော့ဖွင့်ပြောမှာပါ..ဟန်နီ့ကိုသိပ်ချစ်ပါရဲ့..။ သိပ်မြတ်နိုးပါရဲ့...မေတ္တာဆိုတာအသွားအပြန်ရှိတယ်ဆိုရင် ကိုယ့်မေတ္တာကတွေကဟန်နီ့အတွက်သီးသန့်တည်ရှိတယ်..။ကမ္ဘာပေါ်မှာနှစ်ယောက်ထပ်မရှိနိုင်တဲ့ ဟန်နီ..။ ကိုယ့်ရဲ့ဟန်နီလို့နာမ်စားသုံးရင်း ဗျာလို့ နှစ်ခြိုက်စွာထူးတတ်ပါသေးတဲ့ဟန်နီ..။
မနက်ဖြန်ဆိုတဲ့နေ့ရက်ကျရင် ကိုယ်ကဖွင့်ပြောဖို့မဝံ့မရဲဖြစ်တာတွေကိုချန်ထားခဲ့လိုက်တော့မှာ..။
စာရွက်လေးတစ်ရွက်ပေါ်ကချည်နှောင်မှုထက် ပို၍ နက်ရှိုင်းတာကိုသိပေမဲ့ ကိုယ်ဟာလောဘကြီးတဲ့လူတစ်ယောက်မို့ အနှောင့်အယှက်တွေကင်းဝေးသွားရင် မင်းလက်လေးကိုဆုပ်ကိုင်မယ်... လူအများရှေ့မှာ နှိုင်းမမှီတဲ့ပန်းကလေးကို သစ္စာအထပ်ထပ်နဲ့သိမ်းယူမယ်...။ ချစ်တယ်လို့ ဖွင့်ဟဝန်ခံမယ်...။မနက်ဖြန်ပဲ ဟန်နီ.... အကိုဟီဆွန်းက သူကာကွယ်ရမဲ့သူရဲ့လက်ကိုတင်းတင်းဆုပ်ပီး သစ္စာဆိုသလို ကိုယ်ကလဲမင်းအတွက်အရာအားလုံးကိုဂရုမစိုက်ပဲနေပစ်လိုက်မယ်...။
စာရွက်ပေါ်ကိုမျက်ရည်စက်ကပေါက်ခနဲ..ဆောင်းဟွန်းမငိုမိအောင်ထိန်းပါရက် တစက်စက်ကျဆင်းနေတဲ့မျက်ရည်တွေကို ဘယ်လိုများထိန်းထားနိုင်မလဲ...ပတ်ဂျေးဆိုတဲ့အတ္တတွေနဲ့လူသား..။
တွေဝေမှုတွေကိုပိုက်ထွေးရင်းထွက်ခွာသွားရတာ နာကျင်ဖွယ်ရာကောင်းပါရဲ့..။ သူဟာလူဆိုးတစ်ယောက်ဖြစ်ခဲ့ရင်တောင် အချစ်ကိုရူးမိုက်လွန်းတဲ့လူမို့အပြစ်တွေမတင်စေချင်ပါဘူး..။