Unicode
နေရောင်သည်ပူပြင်းလွန်းစွာ အပြင်လောကဝန်းကျင်တွင်စူးရှလွန်း၍နေသည်။ တခါတရံလေတိုးဝှေ့လေ့ရှိသော်လည်း အပူရှိန်သည်ကတော့လျှော့မသွားပေ..။
ပြတင်းတံခါးမှမြင်တွေ့နေရသော မေဘယ်ပင်ကြီးဟာလဲ တိတ်ဆိတ်စွာငြိမ်သက်၍နေသည်..။
အခန်းတွင်းမှ တစ်စုံတစ်ယောက်အားသနားသောအားဖြင့်များ ငြိမ်သက်ပေး၍နေသလား...အပ်ကျသံမျှတစိုးတစိမကြားရလေအောင်တိတ်ဆိတ်သောအခန်းငယ်အတွင်းမှာ နာရီသံကလွဲရင် မည်သည့်လှုပ်ရှားမှုမျှရှိမနေ..။
ကုတင်ထက်တွင်ထိုင်နေသောသူသည်လည်း မလှုပ်မယှက်နှင့်သာ ကြမ်းပြင်ဆီသို့အကြည့်စူးစူးတို့ပို့လွှတ်ကာငြိမ်သက်၍နေသည်..။
ဒူးခေါင်းပေါ်သို့ပွေ့ပိုက်တာတင်ထားသောလက်တွေဟာတစ်ခါတစ်ရံမှာ တင်းတင်းဆုပ်ကိုင်းသလို တခါတရံမှာလဲပြေလျော့၍ နှုတ်ဖျားမှ တတွတ်တွတ်နှင့်ရေရွတ်သံတိုးတိုးမျှတော့ထွက်ပေါ်လာသည်..။မည်သူမျှမကြားရသော်လည်း...တစ်ကိုယ်တည်းရေရွတ်နေခြင်းကထိုသူအတွက်ရင်တွင်းတစ်နေရာမှာမြည်ဟီး၍နေလောက်သည်..
ညမအိပ်ထားမှန်းသိသာသော မျက်နှာထက်တွင် မျက်ကွင်းညိုညိုတို့ဟာအကျည်းတန်လွန်းစွာတည်ရှိနေလေသည်..။
ပြည့်ဖောင်းဖောင်းဖြစ်နေတတ်သောမျက်နှာတစ်ဝန်းဟာ ချောင်ကျလွန်းသည်မှာ ပါးရိုးတွေချိုင့်ခွက်သည်ထိပင်..။ ဝတ်ထားသောဆေးရုံဝတ်စုံမှာလဲ ညစ်ပေပွ၍နေပြန်သည်...ဒါတွေကိုလဲဂရုစိုက်အားပုံမရသော သူဟာ လက်ထိုး၍မရအောင်ညစ်ထပ်နေသော ခေါင်းမှဆံစတွေကြား ခေါင်းရှုပ်စွာလက်ထိုးသွင်းရင်း ကုတင်ထက်သို့ ငူငိုင်စွာလှဲချဖို့ကြံရွယ်သည်..။
သူသိသည်..။
ဒါဟာဆေးသောက်ချိန်...သောင်းကျန်းပစ်ရဦးမည်လား..။အတွေးပင်မဆုံးသေးတဲ့အချိန် အခန်းတံခါးဟာကလစ်ခနဲပွင့်၍လာသည်..
ထို့နောက်မှာဆေးဗန်းကိုင်၍ဝင်လာသော ဆောင်းဟွန်းကိုမြင်တာနဲ့နှာခေါင်းကိုရှုံ့ကာ ဒူးနှစ်ဖက်အားထွေးပိုက်ထားလေသောလက်တို့ိကိုဖြုတ်၍ နောက်ကျောခိုင်းကာ တစောင်းလှဲချပစ်ကာ မသိဟန်ဆောင်ပစ်သည်..။