Part - 28

925 159 29
                                    

Unicode

" မောင့်နှလုံးသားလေးရေ..."

" ဟန်နီရေ...."

" ကျွန်တော့်ရဲ့အမျိုးသားလေးရေ...."

မရပ်မနားဘေးနားမှ ခေါ်သံတွေကို ဂျယ်ယွန်းရယ်ရုံကလွဲပီး ဂျေးရဲ့ကလေးဆန်သော အပြုအမူတွေလေးတွေအား ဘယ်လိုတုန့်ပြန်ရမလဲမသိတော့ပေ...။ တကယ်ပဲ မောင်ဆိုသော အသုံးအနှုန်းဟာ ဂျယ်ယွန်းအတွက်နေသားမကျသလို ...နှုတ်ဖျားမှခေါ်ရအောင်လဲရဲတင်းလှသည်မဟုတ်...။

တကယ်ဆို ထိုနာမ်စားကို ဂျယ်ယွန်းမကြိုက်....မာမီက ဒယ်ဒီ့အား ခေါ်ဆောင်တတ်သော နာမ်စားဖြစ်ပေ၍လား...။ စိတ်ထဲတွင် ကသိကအောက်နှင့် ကိုယ်တိုင်ကလဲ မခေါ်ချင်သောအရာဖြစ်သည်...။

ဒုတိယမြောက် သူစိမ်းတစ်ယောက်ရဲ့အိမ်မဟုတ်သော အရင်းနှီးဆုံးသော ကိုယ့်ရဲ့လှုံခြုံရာအိပ်ခန်းအတွင်းမှာ ပွေ့ဖက်ခံထားရသော အနွေးဓာတ်အပြည့်ဟာ ဆောင်းလေတွေကိုအံတုနိုင်သည်...။

နှုတ်ဖျားမှ အသံမျိုးစုံထွက်နေသော်လည်း တကယ်တမ်းမှာ ဖုန်းနဲ့လက်ကိုမခွာသလို မျက်လုံးတွေကလဲမရွေ့ပဲ သည်းကြီးမည်းကြီးဂိမ်းဆော့နေလေသည်...။
လျော့ရဲရဲမှီထိုင်နေသော ခေါင်းပေါ်သို့ မေးဖျားကိုလာတင်ကာ အသံပေါင်းစုံထွက်သော ထိုဂိမ်းကိုဆော့ကစားနေရာ ကြာတော့ ပျင်းရိလာသည်...။

" တဆိတ်လောက် ဒီကလူ လူကိုခေါ်ပီးရင်လဲ..ဂရုစိုက်ပါဦး...အဲ့ဖုန်းကိုပဲ ကြည့်မနေပါနဲ့...."

" ခဏလေး...တစ်ပွဲပဲ..."

မျက်မှန်ကြီးတပ်ကာ ဖုန်းကို မရမကကြည့်ရင်း စကားနားမထောင်တော့ ကိုယ်တိုင်ကပဲ အဖျက်ကလေးလုပ်ရတော့မည်...။
လျောရဲရဲထိုင်နေရာက ကိုယ်ကိုအနည်းငယ်မတ်ကာ မြင်ကွင်းရှေ့ကပိတ်ကွယ်သည်...ထို့နောက် လက်ချောင်းတို့ဖြင့် ဖုန်းမျက်နှာပြင်အားထိတွေ့ကာ လိုက်လံနှောက်ယှက်တဲ့အခါ သိပ်မကြာခင်မှာပဲ ဟင်းခနဲသက်ပြင်းရှည်ကြီးနဲ့ ဖုန်းကို ဘေးသို့ချလိုက်ရလေပြီ...။

" မင်းသိပ်ဆိုးပါလားကွာ....ရှုံးသွားပီ..."

" အဲ့ဂိမ်းကအရေးကြီးလား...ကျွန်တော်က အရေးကြီးလား.."

𝙷𝚘𝚗𝚎𝚢 // 𝙳𝚘𝚞𝚋𝚕𝚎 𝙹Where stories live. Discover now