Unicode
မဟူရာကောင်းကင်ပြင်ဟာ ကြယ်ရောင်တစိုးတစမျှပင်မလင်းလက်စေပဲ မှောင်ထုအား အားပေးအားမြှောက်နှင့် တိမ်မည်းတွေကိုတွန်းအားဖြစ်စေလေသည်
တဂီးဂီးနှင့် ညငှက်တို့က မကြာခင် အငြိုးကြီးကြီးရွာချတော့မယ့် တိမ်စိုင်တွေကိုရိပ်မိသည့်အလား အော်မြည်ကာပျံသန်းရင်းအသိုက်ရှိရာဆီအလုအယက်။အေးစိမ့်စိမ့်လေတွေဟာမိုးနံ့ကပ်ပါနေ၍ တစ်ဝရှူရှိုက်ကာ နွေးထွေးစေသော ရင်ဘတ်ပေါ်မှာခေါင်းလုံးလုံးလေးအား ငုံ့ကာနမ်းရှိုက်ရင်း ခန္ဓာကိုယ်တစ်ခုလုံးကိုထွေးပွေ့ရုံနှင့်ပင်မလုံလောက်သလို ဖျစ်ညစ်ပစ်လိုက်ချင်သည်...။
လက်ချောင်းတွေကိုသွယ်ကာယှက်ရင်း ဆော့ကစားနေတဲ့ဂျယ်ယွန်းရဲ့အတွေးတွေဟာ ကလေးသာသာ အဖြူထည်စိတ်ကလေးမျှပင်ရှိသည် ။
ဂျစ်တိဂျစ်ကန်စိတ်ကလေးကတော့ သူ့အမေရဲ့အမွေကိုလက်ဆင့်ကမ်းကာရထားပုံပေမယ့် ထင်သလောက်တော့မဆိုးပဲ ထိုဂျစ်တိဂျစ်ကန်လေးက တခါတရံချစ်စရာအပြုအမူလေးတွေဖြစ်မှန်းမသိဖြစ်နေခဲ့သည်..ဆံနွယ်နုနုလေးတွေအားလက်ဖဝါးနှင့်ဖွဖွသပ်ကာ ချော့မြူနေဟန်လုပ်တဲ့အခါ မျက်လုံးတွေမှေးစင်းကာအိပ်စက်ဖို့ အစပြုလာသည်..။
" အိပ်ချင်နေရင် အထဲဝင်မလား အပြင်မှာအေးလာနေပီ..."
နူးနူးညံ့ည့ံ့လေးထွက်လာသောလေသံဟာတိုးဖျော့လွန်းလှသည် ။
ဘာတွေကပြောင်းလဲစေနေတာလဲ....ဘာဖြစ်လို့လဲ...ဘာကြောင့်လဲ...မေးခွန်းတွေခေါင်းစဉ်တွေပြောင်းလဲကာမေးမြန်းလဲ အဖြေက သူထွေးပွေ့ထားသော လူသားငယ်ဆိုသော တစ်ခုတည်းသော အရာပင်ဖြစ်လိမ့်မည် ..နှလုံးသားဟာ ညာချင်တိုင်းညာကောင်းသောအရာတစ်ခုမဟုတ်ခဲ့ ..
အကြိမ်ကြိမ် ဘူးခံငြင်းကာ ကိုယ်တိုင်လိမ်လည်ပါသော်လည်း ငြင်းဆန်မရသောအခြေအနေဟာ အချစ်ရဲ့တွန်းအားပင်ဖြစ်လိမ့်မည်။
မချစ်တတ်ခဲ့ခင်က လှည့်ကြည့်ဖို့ပင် ဝန်လေးတတ်ပေမယ့် ချစ်တတ်ခဲ့ရင်တော့ ကမ္ဘာပေါ်မှာအချစ်တတ်ဆုံးလူသားအဖြစ်ပြောင်းလဲသွားတတ်တာဂျေးရဲ့ပင်ကိုယ်စတိုင်တစ်ခုဖြစ်မယ်ထင်သည်
ချစ်နေတဲ့အချိန်မှာအတတ်နိုင်ဆုံးချစ်နေပေးဖို့က တစ်ခုတည်းသောဦးတည်ချက်