Unicode
ပါးပြင်ထက်သို့ အားအပြည့်နှင့်ကျရောက်လာသောရိုက်ချက်ဟာ မည်မျှပင် ပြင်းသလဲဘေးလူကြည့်ရုံနှင့်ပင်သိနိုင်အောင် ဂျေးလိုလူပင် တစ်ဖက်သို့လည်ထွက်သွားခဲ့သည်..
မယုံကြည်နိုင်သောမျက်ဝန်းအစုံဟာ ဂျယ်ယွန်းအားစူးရဲစွာစိုက်ကြည့်ရင်း နာကျင်လာသည်..။ ရဲပတောင်းခတ်သွားသောပါးပြင်အားလက်နှင့်အုပ်ရင်း
ပတ်ဂျေးနှင့်မတူညီစွာခေါင်းငိုက်ကျလျက်သားနှင့်။ရိုက်ခံလိုက်ရတာ ဂျေးဖြစ်သော်လည်း နာကျင်စွာစူးအောင့်သွားသောလက်ပိုင်ရှင်ဟာဂျယ်ယွန်းဖြစ်နေခဲ့သည်...။အားသုံးလိုက်တဲ့လက်ကောက်ဝတ်ဟာ နာကျင်စွာ ။
ထို့ထက် ရင်ဘတ်ထဲကစိတ်အစဉ်ရဲ့နာကျင်မှုဟာ နှိုင်းဆမရအောင်ပို၍ကြီးမားသည် ။
ကုတင်ပေါ်သို့စိတ်တွေဖြေလျော့ကာ ပြန်ထိုင်ချရင်း အရှေ့မှာတွေတွေကြီးရပ်နေသေးသော ဂျေးအားစိုက်ကြည့်မိသည်
အကြည့်မလွှဲသောဂျေးရဲ့မျက်ဝန်းတွေဟာ သူ့ထံပါးမှလွဲ၍ ကျန်သောမည်သည့်အရာအပေါ်မှ အာရုံသက်ရောက်မနေ ။ မျက်ခုံးတွေတွန့်ချိုးရင်း စူးရဲသောအကြည့်တွေဟာ ဒဏ်ရာရသောသားရဲတစ်ကောင်ဟန်ဆင်တူသည်အကြည့်တွေဟာစူးရဲသော်ငြားလည်း ယခင်ကလို မာန်မရှိပဲ တောင်းပန်ခယသောအကြည့်တွေလိုမျိုး..။ ဒါဟာလဲဂျယ်ယွန်းအတွေးသက်သက်ဖြစ်နိုင်သည် ။
ဝင်လေထွက်လေ အသံကအစကြားရသော အခန်းတွင်းဟာနှစ်ယောက်လုံးရဲ့ အကြည့်တွေကလွဲရင် အေးစက်သောလေထုကိုသာဖန်တီးသည်..
နံရံမှတိုင်ကပ်နာရီဟာလဲ သွားမြဲတိုင်းစက္ကန့်တံတွေလည်ပတ်ဆဲ ..။
အပြင်မှတိုးဝှေ့သောလေတွေဟာလဲ အခန်းတွင်းမှ လိုက်ကာစကိုတဖျတ်ဖျတ်စလွင့်မျောရန်စေစားနေဆဲ..၊ထိုပတ်ဝန်းကျင်မှာလေထုရဲ့အအေးထက် သူတို့ရဲ့ဆက်ဆံရေးကပိုအေးခဲသည်..။
ရေခဲမှတ်ရောက်ခါနီးလို ။ အကြည့်မလွှဲပဲမျက်လုံးချင်း စကားတွေပြောကာ စစ်အေးကိုဖန်တီးနေသယောင် ။ပတ်ဂျေးဟာ မတ်တပ်ရပ်လျက် ဂျယ်ယွန်းအားကြည့်နေသလို ဂျယ်ယွန်းသည်လဲ ကုတင်ပေါ်မှာထိုင်ရက်နှင့် မော့ကာကြည့်နေခဲ့သည်...။