Unicode
ပုံမှန်မနက်ခင်းတွေလိုနိုးထလာကြတဲ့ဂျေးတို့နှစ်ယောက်မှာ စိတ်သက်သာရရသလို အနေအထားမျိုး...
ပြဿနာအနည်းငယ်တက်ခဲ့ရသည့်နေ့ကစ၍ နောက်ရက်မှာ တယောက်နှင့်တယောက်မသိမသာရော သိသိသာသာပါ အနှောင့်အသွားမလွတ်စွာပြောတတ်ပေမယ့် ချစ်တယ်ဆိုတာကိုတော့ ထပ်မံကာမပြောဖြစ်ခဲ့..ဒီတိုင်းလေး.....။ အင်း ဒီတိုင်းလေးပဲ
အနေနီး၍ အချင်းချင်းပိုကာနီးစပ်ရုံကလွဲရင် အနေခက်သလို အနေအထားမျိုးတော့မရှိပဲ ပွင့်လင်းလာကြသည်..။ဂျေးရဲ့ခေါင်းထဲမှာ မီရာ့ကိုခြိမ်းခြောက်ဖို့ဆိုတာကိူတော့ မေ့နေခဲ့တာတစ်ခုပဲ..
မနက်စာအတွက် ပြင်ဆင်ပေးကာစားသောက်ပီးချိန်မှာ ပန်းကန်ဆေးဖို့ပြင်နေတဲ့ဂျယ်ယွန်းကိုမြင်၍ သောက်လက်စ ကော်ဖီအား အကုန်မော့ချကာ အနားသို့တိုးကာ ခါးကိုခပ်ဖွဖွတို့လိုက်သည်..။
ဆတ်ခနဲ့တွန့်သွားတဲ့ကိုယ်နဲ့အတူ ဂျေးရဲ့လက်ထဲမှာ ကိုင်ထားသော ကော်ဖီခွက်ဟာလဲ ကြမ်းပြင်ပေါ်သို့တစစီကွဲကြေသွားသည်..။
လန့်သွားပုံရတဲ့ဂျယ်ယွန်းဟာ နေရာမှာတောင့်တောင့်လေးရပ်ရင်း နှုတ်ခမ်းပါးတွေဟကာ မျက်တောင်ရှည်တွေနဲ့မျက်ဝန်အားမနားတမ်းပုတ်ခတ်လျက်..
" ဆောရီး ကိုယ်ကဒီတိုင်းစလိုက်တာ မင်းလန့်သွားမယ်မထင်လို့ .."
" ရပါတယ်...ဒါပေမဲ့ ဖန်ခွက်ကွဲသွားပီ..."
နှမြောတသကြည့်နေသော်ညားလဲ ကွဲကြေနေသော ဖန်စတွေအား ခုချိန်ထိကောက်မသိမ်းပဲနောက်ကိုပင်ခြေလှမ်းတွေဆုတ်သွားသေးသည်..
တကယ်ဆို ပျာပျာသလဲကောက်သိမ်းကာ သူဆူတာကိုလွတ်စေဖို့ လုပ်ဆောင်နေရမည်လေ...။" ကိုယ်သိမ်းလိုက်မယ် မင်းမကိုင်နဲ့ .."
" အင်း..."
တစ်ခွန်းပဲပြောကာ ဘေစင်ဘက်လှည့်၍ ပြန်ကာ ဆေးကြောနေသော ဂျယ်ယွန်းက တခါတရံနားလည်ရခက်သည်..။
နွေးထွေးတဲ့လူတစ်ယောက်က အေးစက်နေရင် ကြောက်စရာကောင်းသလို ဖြူစင်လွန်းတဲ့ဂျယ်ယွန်းကလဲ တခါတရံမှာ သွေးအေးစွာလှည့်စားနေမှန်းသိသာသည်...။