Unicode
နေရောင်ခြည်နုနုသည် သစ်ပင်ရိပ်တို့ကြားမှ အခန်းတွင်းသို့ဖြာကျတဲ့အခါ ပိတ်ယှက်ထားသောမျက်လွှာတို့ဟာ အနည်းငယ်လှုပ်ရှားစပြုသည်
ခပ်စူးစူးနေရောင်ကြောင့်လက်ဖြင့်ကာလိုက်ရင်း တစ်ဖက်သို့စောင်းငဲ့တဲ့အခါ မဖွင့်ချင်သေးသော မျက်လွှာတွေဟာ ပြူးကျယ်သွားရသည်တစ်ကြိမ်တစ်ခါမှ နိုးထခဲ့ခြင်းမရှိဖူးသော မနက်ခင်းမျိုးဆို ပို၍မှန်ကန်လိမ့်မည် အသက်ရူသံတိုးတိုးနှင့်နှစ်ခြိုက်စွာအိပ်မောကျနေသော ကြင်သူဟာ မနက်ခင်းနိုးထချိန်ထိ အနားတွင်ရှိနေလိမ့်မယ်လို့ဂျယ်ယွန်းမတွေးထားတာအမှန်ပင် ။
ခပ်စိတ်စိတ်မျက်တောင်တိုတွေပိတ်ယှက်ထားသော မျက်ဝန်းနုနုကိုဖွဖွလေးထိရုံသာထိကပ်ရင်း ဖြေးဖြေးချင်းအိပ်ရာကနေ ထကာ အခန်းပြင်သို့ထွက်လာခဲ့သည် ။ ကောင်းကောင်းမလှမ်းနိုင်သောခြေလှမ်းတွေကိုတော့လျစ်လျူရှူရင်း ဂျေးရဲ့ကိုယ်သင်းနံ့သင်းသင်းရနေသော ညအိပ်ဝတ်စုံကို နမ်းကြည့်ရင်း အပြုံးနုနုလေးနဲ့မနက်ခင်းကိုစတင်လိုက်သည် ။
မူးနောက်နောက်ဖြစ်နေဆဲခေါင်းဟာ ခေတ္တမျှအပြုံးတို့ကိုသာပေးရင်း ချာချာလည်သွားရသည်။
အဖျားငွေ့ငွေ့က အာခေါင်တွင်းမှာပူလောင်နေတာမို့ လေပူတွေကိုမှုတ်ထုတ်ကာ မနက်ခင်းအတွက် ပြင်ဆင်ရန် မီးဖိုချောင်ရှိရာသို့လှမ်းခဲ့သည်..ဒီအခြေအနေကိုပဲကျေနပ်နေသယောင် ။
နာကျင်ရတာကိုပဲ မြတ်မြတ်နိုးနိုးထွေးပိုက်ချင်နေသည် ရူးသွပ်သွားသလားမသိအောင် ပါးပြင်တွေဟာ အဖျားငွေ့မပါပဲ ရဲတွတ်ချင်နေသည် ..။အောက်နှုတ်ခမ်းကို ဖွဖွဖိကိုက်ရင်း ပြန်တွေးမိသောအရာတိုင်းဟာ လှိုက်ခနဲ ရင်ဖိုစေသည် ။ ခြေဖျားလေးတွေယောင်ယမ်းကာကုတ်လိုက်မိရင်း ဟိခနဲရယ်သံထွက်လိုက်ပီးတဲ့နောက် တစ်ယောက်ထဲ အရှက်သည်းစွာ မျက်နှာပူလာရသည် ..။
" အစောကြီးနိုးနေတာလား ဂျယ်ယွန်း..."
နောက်ဘက်မှ အသံကြောင့် လန့်၍ တုန်ပင်သွားရသည် ။
လှည့်ကြည့်တဲ့အခါ Davidကိုတွေ့ရသည် မနေ့က.အဝတ်အစားတွေနှင့်ပေမယ့် အပေါ်ဝတ်မပါပဲ ရိုးရိုး ရှပ်တစ်ထည်နဲ့ Davidက အခုမှအိပ်ရာက နိုးထစပုံစံ။