Part - 14

1.1K 202 41
                                    

Unicode

မျက်စိရှေ့သို့အရှိန်ပြင်းပြင်းရောက်ချလာသော စာရွက်တစ်ချိူ့အား မျက်လုံးပြူးမျက်ဆံပြူးနှင့် သူမဟာအတော်အံ့အားသင့်စရာကောင်းနေပုံရသည်..။
ဘေးမှ သူမရဲ့အတွင်းရေးမှူးကတော့ ပတ်ဂျေးအား အတင်းပင် ဆွဲထုတ်ဖို့ကြိုးစားနေပေမယ့် မီရာ့ရဲ့လက်ကာပြမှုနှင့်အတူ အခန်းအပြင်သို့ထွက်ခွာသွားသည်...

ကြမ်းပြင်ပေါ်ပြန့်ကြဲနေသော စာရွက်တွေကို လိုက်လံကြည့်ရူတဲ့အခါ လက်ထပ်စာချုပ်မှန်းသိလိုက်တဲ့အချိန်မှာ မီရာ့ရဲ့မျက်နှာတစ်ခုလုံးညိုမှောင်သွားသည်...။
အောက်နှုတ်ခမ်းကိုပြတ်ထွက်မတတ်ကိုက်ကာ ပျက်ယွင်းသွားသော မျက်နှာကို ပြန်လည်ပြင်ဆင်ကာ ခပ်ထေ့ထေ့မော့ကာကြည့်လာသည်...

" အဲ့တာနဲ့ ငါ့ကို ခြိမ်းခြောက်နိုင်မယ်ထင်လား..."

" ကျွန်တော် ရှေ့နေ့ဘယ်လင်နဲ့တွေ့ပီးသွားပီ...."

" ဘာပြောတယ်...မင်းက ဘာကိစ္စ သူနဲ့တွေ့ရတာလဲ..."

" ရှည်ရှည်ဝေးဝေးမပြောချင်ဘူး မီရာ....ခင်ဗျားက ကျွန်တော့်အဖေဆီက မတရားယူသွားခဲ့တာပဲ..ကျွန်တော်က တရားတဲ့နည်းလမ်းနဲ့ ခင်ဗျားဆီကပြန်ယူရုံပဲ....နောက်ပီး ဒီအမွေတွေက ခင်ဗျားနဲ့မသက်ဆိုင်ဘူးလေ ယွန်းပိုင်ဆိုင်တာတွေ...အဲ့တာကြောင့် မနက်ဖြန်ကျရင် အပီးလွှဲလိူက်ပါ ကျွန်တော် မနက်ဖြန်ထိပဲစောင့်မယ် အော် ကျွန်တော့်ကုမ္ပဏီက ရှယ်ယာရှင်တွေကိုမြူဆွယ်နေမယ့်အစား ခင်ဗျားမတရားလုထားတဲ့ ကုမ္ပဏီက ရှယ်ယာတွေကိုဂရုစိုက်ဦးနော် ကြိုသတိပေးတာပါ..တော်ကြာကျွန်တော့်လက်ထဲရောက်မှသွေးတိုးနေမှာဆိုးလို့...ဘိုင့်..."

နောက်မှာသွေးပျက်စွာထွက်ပေါ်လာတဲ့ မီရာရဲ့ တောက်ခေါက်သံဟာ သိပ်ကိုချိုမြိန်လွန်းသည်...။
အရာရာကို သွေးအေးအေးနဲ့ရယူတတ်တဲ့အကျင့်က ဒီနေရာမှာလဲ အောင်နိုင်သူတစ်ယောက်ဖြစ်စေနိုင်သည်...

တွန့်ကွေးနေသော နှုတ်ခမ်းထက်မှာ ပြုံးရိပ်သွင်ကိုဆင်ကာ အိမ်ထဲဝင်လာတဲ့အခါမှ ထွက်ကြိုသော တစ်ဦးတည်းသော ကြိုဆိုသူဟာ ဟန်နီပါပဲ..

𝙷𝚘𝚗𝚎𝚢 // 𝙳𝚘𝚞𝚋𝚕𝚎 𝙹Where stories live. Discover now