Unicode
အပြင်ဘက်မှရာသီဥတုက နေသာကာ အပူရှိန်လဲအတော်သင့်ရှိတာမို့ ဂျယ်ယွန်းခြေလှမ်းတွေဟာ အခန်းပြင်ကိုဦးတည်လိုက်သည်...။
ပီးခဲ့တဲ့ရက်တွေတုံးက မာမီရောက်လာသည့်ရက်မှစ၍ ဂျယ်ယွန်း အိပ်ရာထဲပြန်လဲခဲ့တာ တစ်ပတ်နီးပါး...ရက်ရက်စက်စက်အရိုက်ခံထားရတဲ့ ဒဏ်ရာတွေဟာလဲ ခြေထောက်တွင်ခုချိန်ထိ ကျက်တဲ့နေရာရှိသလို မကျက်သေးတဲ့နေရာတွေလဲရှိသည်..
အဆိုးဆုံးကတော့ ခါးပတ်နဲ့ သိုင်းချုပ်ခံထားရတဲ့လည်ပင်းဟာ အချိန်အတန်ကြာချိန်မှာ အသက်ရူလို့မရတော့တဲ့အခြေအနေအထိဖြစ်၍ လည်ပင်းရိုးတွေပါနာကျင်နေရသည်..သူ့ရဲ့ရောဂါကို မာမီမေ့လျော့နေခဲ့ပီထင်ပါတယ်..
ပိုးလိုဥကာမွေးထားရင်တောင် အခန့်မသင့်ရင် အန္တရာယ်များလွန်းတဲ့လူကို ရိုက်ပစ်ဖို့ထိတွေးတောတဲ့မာမီ့အတွေးတွေမှာ ဘာတွေများရှိနေမလဲသိချင်သည်..။
မာမီက သိပ်ဆိုးလွန်းတယ်....။
ဒါပေမယ့်...မာမီက သိပ်ကိုသနားစရာကောင်းလွန်းတာဂျယ်ယွန်းသိသည်....
ချမ်းသာချင်လွန်းတဲ့စိတ်ကလွဲရင် မာမီ့စိတ်ထဲမှာဂျယ်ယွန်းမရှိတာကိုသိသော်လည်း....မာမီ့ဆီကအလိမ်အညာစကားတစ်ခွန်းကြားရရင်တောင် မြန်မြန်သေဆုံးပေးဖို့ခွန်အားရနေခဲ့သည်...။
ဖြေးဖြေးချင်းလှေကားထစ်တွေကဆင်းကာ အိမ်တံခါးဝနားအရောက်မှာတော့ တားဆီးခြင်းခံလိုက်ရသည်..
ဖရက်ထက်ပင် ထောင်ထောင်မောင်းမောင်းလူကြီးတွေကို ဂျယ်ယွန်းမော့ကြည့်တော့ လက်မောင်းကနေဆွဲကာအိမ်ထဲကိုပြန်ဆွဲခေါ်လာသည်..ရုန်းကန်နေပေမယ့် ကျားတစ်ကောင်လက်ထဲက ယုန်ငယ်လိုပဲ အရာသေးသေးလေးပင်မထင်....။
မာမီကတကယ်ကဲ အကျဉ်းချထားတဲ့လူတစ်ယောက်လိုသေသွားစေချင်နေတာလား....
ဒေါသစိတ်နဲ့ ရုန်းနေတဲ့အားတွေကပိုကာ ရအောင်ရုန်းထွက်ရင်း ချုပ်ထားတဲ့လက်တွေအားဆောင့်တွန်းပစ်လိုက်သည်..
နာကျင်နေသောကိုယ်အား အားနဲ့အဆွဲခံလိုက်ရ၍.ပိုကာနာကျင်ရပြန်သည်...