Unicode
" ဝင်သွားလို့မရပါဘူးရှင်..ဒီမှာ.."
အခန်းအပြင်ဆီမှ ဝရုန်းသုန်းကား အော်ဟစ်ပြောဆိုသံနှင့်အတူ အခန်းတံခါးဖွင့်ကာ အခန်းတွင်းသို့ဝင်ရောက်လာသော လူကိုမြင်ရချိန်မှာ ဂျေးရဲ့နှုတ်ခမ်းတွေကွေးညွတ်သွားသည်..
ထင်တာထက်ပိုကာ သူ့ရှေ့မှောက်ကိုစောစောစီးစီးရောက်လာသည်ပဲ..။နီစွေးနေသော နှုတ်ခမ်းတွေကတဆတ်ဆတ်တုန်ကာ ချွေးရွဲနေပုံက ဖရိုဖရဲဆန်သည်..
မျက်ခုံးတွေတွန့်ချိုးကာ အရာရာကို ဖျက်စီးပစ်ချင်လောက်အောင်စူးရဲသည့်အကြည့်စူးစူးတွေက ဂျေးရဲ့အကြည့်တွေကိုတော့ယှဉ်နိုင်ဟန်မရှိ..." ထိုင်...မီရာ..."
" ယွန်းဘယ်မှာလဲ...မင်း ယွန်းကို ဘယ်ကိုခေါ်သွားတာလဲ.."
" ဟေးးဖြေးဖြေးပေါ့ ဘာတွေလောနေတာလဲ..."
" ငါမင်းနဲ့စကားစမြည်ပြောဖို့လာခဲ့တာမဟုတ်ဘူး ငါ့သားကိုမင်းခေါ်သွားတာ ငါရဲတိုင်လိုက်လို့ရတယ်နော်.."
" ဟုတ်လား....ငါ့သားတဲ့လား.....ခင်ဗျားသေစေချင်နေတဲ့သားမဟုတ်လား....."
" ပတ်ဂျေး..."
" လာမအော်နဲ့ ခင်ဗျားအော်စရာအကြောင်းမရှိဘူး..."
ခပ်တင်းတင်းအော်ဟစ်သံဟာ အပြင်ထိကြားရလဲဂျေးဂရုမစိုက်နိုင်အား
သူ့ရှေ့မှ ကာလာစုံချယ်ထားသော မိန်းမယုတ်ကို ပြန်လည်ချေပဖို့ကသာ အခုချိန်မှာ အရေးကြီးဆုံး..ခုံမှထကာ မီရာရပ်နေရာ အရှေ့ကိုတည့်တည့်မတ်မတ်လျှောက်ကာ ပခုံးနှစ်ဖက်ကနေကိုင်ကာ နောက်ဖက်ဆီသို့ဆောင့်တွန်းပစ်လိုက်သည်..
ဒေါသဟုန်ကောင်းနေဆဲသူ့ကို မီရာ့ရဲ့အကြည့်စူးတွေဟာ ပိုကာတောက်လောင်ဖို့လောင်စာဖြည့်ပေးသလိုမျိုး...
အနှစ်နှစ်အလလမြိုသိပ်ထားရတဲ့ခံစားချက်ဟာ အခုချိန်မှာပေါက်ကွဲထွက်ခါနီးချိန်ကိုက်ဗုံးတစ်လုံးနှင့်တူသည်..အသက်ရှုမမှန်တာဟာလဲဒေါသရှိန်ကြောင့်ဖြစ်နိုင်သည်...။
" ဘာအတွက်ပြန်လိုချင်နေတာလဲ...အာ...ပြန်ရရင် အိမ်ထဲထည့်ပိတ်ပီး ဆေးတွေနဲ့ပြန်သတ်ဦးမလို့လား...."