Unicode
" ကိုယ့်ရဲ့ဟန်နီက ဘာလို့ဒီလောက်တောင်ကြည့်ကောင်းနေရတာလဲ.."
အမြဲတစေဝတ်နေကျ အကျီအပွကြီးတွေ ဟူဒီပွပွတွေနှင့်မဟုတ်ပါပဲ turtleneckအမည်းကိုမှခဲရောင်ကုတ်နှင့်တွဲဖက်ကာဝတ်ဆင်ထားရာ
မြင်နေကြပုံစံမျိုးမဟုတ်တော့တာမို့ဂျေးဆီက ချီးကျူးသံတွေဟာ အဝတ်အစားလဲချိန်မှစ၍ မပီးဆုံးနိုင်သောကဗျာတစ်ပုဒ်နှယ်...။ဂျေးရဲ့ရေမွှေးကိုအနည်းငယ်စွတ်ပီးချိန်မှာ အရာရာပြည့်စုံသွားသယောင်ဂျယ်ယွန်းခံစားရသည်...။
ဝတ်ဆင်ထားသော အဝတ်အစားတွေပင်မဟုတ် ကိုယ်သင်းနံ့ပင်ထပ်တူကျလိုက်တဲ့အခါ ဂျယ်ယွန်းဟာ ဂျေးနှင့်တစ်သားတည်းဖြစ်စေသည်ဟုခံစားလိုက်ရသည်...။
အချစ်ဆိုတာကိုဘယ်လိုဘယ်ပုံဖော်ညွှန်းကြသလဲမသိရာ..။
ကိုယ်တိုင်ဖော်ညွှန်းမိသော အချစ်ဟာတော့ သူ့အတွက်မို့အရာရာကို ပေးဆပ်ချင်တဲ့စိတ်သက်သက်ဖြင့်ဖြစ်တည်ခြင်းပင်...။
ပါးမို့မို့ထက်နွေးထွေးစွာကျရောက်တတ်တော့ အနမ်းပွင့်တွေဟာလဲအချစ်..။
ဆံနွယ်ဖျားတွေခေါင်းတိုးဝင်ရင်း တင်းတင်းဖက်တွယ်ခြင်းဟာလဲအချစ်..။
လက်ဖောင်းဖောင်းတွေနှင့် တယုတယဆုပ်ကိုင်လာသော လက်တွေဟာလဲအချစ်တွေပင်..၊
ယုတ်ဆွအဆုံး ဒေါသတကြီးနှင့်အော်ဟစ်နေပါမူ ကြင်သူဖြစ်၍နေရာ အနားမှာရှိနေသမျှသူနှင့်ပတ်သတ်သမျှအားလုံးဟာ အချစ်ဖြစ်၍နေသည်..။
ထွေးပွေ့လာလေသောလက်တစ်စုံပေါ်ကို ပြန်လည်ဆုပ်ကိုင်ရင်း အနည်းငယ်ကိုယ်ကိုယိမ်း၍မှီချရာ ရင်ခွင်ဟာ အမြဲတစေနွေးထွေးမြဲ လုံခြုံမှုပေးမြဲပင်..။
အနည်းငယ်သာမြင့်နေသော မေးဖျားအားဖွဖွအနမ်းပေးရာ မူပိုင်သူဟာ တင်းတင်းဖက်ရင်းသာပြုံးလေသည်...ဘာအတွက်ကြောင့်များ ဒီလူသားယုံကြည်ရာလိုကပ်တွယ်ဖို့စိတ်ဖြစ်ခဲ့လေသလဲ ကိုယ်တိုင်လဲမသိပါလေ
နာကျင်ရလေ ပိုတိုး၍နစ်ဝင်လေ ဒီလူရဲ့ကျော့ကွင်းက ဂျယ်ယွန်းအတွက်တော့သိသိရက်နဲ့ရူးသွပ်ချင်နေမိသော အရာတစ်ခုဖြစ်လိမ့်မည်..။