Unicode
" ဒယ်ဒီညစာစားရဲ့လား..."
အတွင်းရေးမှူးဂျောင်ကို ကုတ်အကျႌချွတ်ပေးကာ ကားထဲဝင်ထိုင်ရင်းမေးတော့ driver seatမှာနေရာယူလိုက်ထားတဲ့ အတွင်းရေးမှူးဂျောင်က ခေါင်းညိတ်ကာအဖြေပေးရင်း တွန့်ဆုတ်နေသည်...။
တစ်ခုခုကိုပြောဖို့ အားယူနေဟန်ဖြစ်တာကြောင့် ဂျေး ခဏစောင့်ပေးလိုက်သည်...။သို့ပေမယ့် ဘာစကားမှထပ်မပြောပဲ လက်ထဲကိုထိုးပေးလာတဲ့ဖိုင်တွေကြောင့် မျက်ခုံးတွေတွန့်ချိုးရင်း အထဲကိုလှန်ကြည့်လိုက်သည်...။
ထို့နောက် ဂျေး သာသာလေးပြုံးလိုက်မိသည်......ဓာတ်ပုံနဲ့ကိုယ်ရေးမှတ်တမ်းတစ်ချို့က သူ့အတွက်စိတ်ကျေနပ်မှုပေးနိုင်လိမ့်မယ်လို့မတွေးထင်မိခဲ့တာအမှန်ပင်...။
ဆင်စွယ်ရောင်ဆွယ်တာလေးကိုဝတ်ဆင်ကာ ပန်းပင်တွေကြားမှာအာရုံစိုက်နေတဲ့ ဓာတ်ပုံထဲကကောင်လေးက မီရာ့လိုမိန်းမရဲ့သားဆိုတာ ဘယ်နည်းနဲ့မှ ဆက်စပ်ကြည့်ဖို့ပင်မဖြစ်နိူင်....
အေးအေးချမ်းချမ်းပြုံးနေတဲ့ကောင်လေးရဲ့မျက်နှာက လောကကြီးကအပူတွေကိုပင်ငြှိမ်းသက်ပေးနိုင်အောင်ဖြူစင်အေးချမ်းလွန်းနေသည်...။ခပ်အုပ်အုပ်ဆံပင်လေးတွေကို နားနောက်ကြားမှာသိမ်းညှပ်ထားတဲ့ကပိုကရိုပုံကိုကြည့်ကာ..
" ဒါအကုန်ပဲလား...."
" ဟုတ်ပါတယ်...ကောင်လေးက ကျောင်းလဲမတက်တော့ဘူးလို့သိရပါတယ်.....မတက်ရတာထက် ကျန်းမာရေးမကောင်းလို့ ကျောင်းထွက်လိုက်ရတာလို့ပြောပါတယ်..."
" ဘာလဲ...ရောဂါဘာညာရှိနေတာမျိုးလား..."
" အဲ့တာက ရောဂါတစ်ခုရှိတယ်တော့ပြောပါတယ် .. Hemophiliaပါ.......ချူချာတယ်လို့ပြောရမယ်....ကောင်လေးက အမြဲနေမကောင်းဖြစ်နေတတ်တယ်..နောက်ပီး အိမ်ကြီးထဲကနေအပြင်ကိုထွက်ခွင့်မရဘူးလို့လဲပြောတယ် သူဌေး..."
ကျန်းမာရေးမကောင်းတဲ့သားကိုဖွက်ပီး ယောကျာ်းတွေကိုကစားနေတဲ့မီရာဆိုတဲ့မိန်းမက ကောက်ကျစ်လွန်းတယ်...။
ခပ်ရွဲ့ရွဲ့အပြုံးတစ်ခုက နှုတ်ခမ်းထက်ဆင်မြန်းထားပေမယ့် မျက်လုံးတွေကစူးရဲလွန်းလှတဲ့ဂျေးကို ထိုမိန်းမမြင်ရင် ပြာကျသွားနိုင်သည်....။