Epilogue

2.1K 176 75
                                    

Unicode

ဆောင်းနေ့လယ်မှာ ကျယ်လောင်စွာထွက်ပေါ်လာသော အသံငယ်မှာ တုန်ရီအက်ကွဲသော ခြောက်ကပ်လွန်းစွာထွက်ပေါ်လာသည့်အခိုက် မယုံကြည်နိုင်စွာ။ ဖြစ်ပေါ်လာသော နှုတ်ထွက်စကားအား မင်သက်စွာငေးကြောင်မိ၏

နှုတ်ဆိတ်နေရင်း ဖွဖွဖိကိုင်မိသော ပခုံးထက်မှလက်တွေဟာ အတင်းအကြပ်တွန်းဖယ်ခြင်းခံရသည် ။
အားမပါသောကော်လံစပေါ်မှလက်တွေဟာတင်းကျပ်ရာမှပြေလျော့ကာ တရစ်ချင်းလျော့ကျသွားတဲ့ ထိုလက်တွေအားဖမ်းဆုပ်ရင်း....

" မင်းဘာပြောလိုက်တယ် ယွန်း..."

အခြေအနေတွေကိုလိုက်မမှီစွာ အရှေ့မှ နီဆွေးသော မျက်ဝန်းတစ်စုံအား မလစ်လပ်စေရန်စိုက်ကြည့်ကာ မေးခွန်းထုတ်မိတဲ့အခါ မဲ့ပြုံးတစ်ခုဟာ လှောင်ရယ်လာသည်..။

"ဟန်ဆောင်နေတာတွေရပ်လိုက်တော့ ဂျေး....ဒီလောက်ထိရူးသွပ်လိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့မိဘူး..."

နားမလည်တဲ့မေးခွန်းအား ကိုယ်ဟာ ဟန်ဆောင်ပါတယ်လို့စွပ်စွဲလာသည်.. အဓိပ္ပါယ်ဖတ်မရသော မျက်နှာလေးအား ငေးမောရင်း ခေါင်းတွင်းမှ ဦးနှောက်အလုပ်ရာတွင်လည်း ကြင်နာသူစိတ်ဆိုးခြင်းအမှုကိုပြုလုပ်ထားခြင်းမရှိပါလေ...

ခေါင်းကိုတွင်တွင်ခါရင်းသာ အရှေ့မှ ယိမ်းယိုင်နေသော ခန္ဓာငယ်အား အားနှင့် ထွေးပွေ့ဖို့ကြံရွယ်ရာ ခါးခါးသီးသီးတွန်းကန်လာသောသူဟာ ထိကပ်မှာအား မနှစ်မြို့ဟန်အပြည့်နှင့်ပင်... ဘာတွေများဖြစ်နေရတာလဲ ဟန်နီရယ်....။

စူးရဲစွာစိုက်ကြည့်နေသော အရှေ့မှလူသားငယ်ဟာ မာန်ဖီနေသောကျားပေါက်စလေးတစ်ကောင်လို အချိန်မရွေးထခုန်အုပ်ကာ ကိုက်သတ်ပစ်တော့မတတ် ဒေါသငွေ့တွေလျှံနေသည်...။

" မင်းဘာလုပ်ထားလဲမသိဘူးလား ဂျေး.... ဂျယ်ယွန်းဘာကြောင့်ဒီလိုဖြစ်နေရလဲ ဆိုတာ.."

" လူလိုနားလည်ရင် ဒီနေရာကထွက်သွားပေးဖို့မျှော်လင့်တယ် David..မင်းမြင်တာပဲ အခြေအနေကို...."

ပတ်ဝန်းကျင်ကိုမေ့လျော့ကာ ပြဿနာအရင်းအမြစ်ကိုရှာဖွေရင်း အခန်းထဲတွင်နှစ်ယောက်ထဲမဟုတ်တာကိုအမှန်တကယ်ပင် မေ့လျော့သွားသည်..။
နှစ်ယောက်ကြားပြဿနာအား ဘေးလူဝင်ရောက်စွတ်ဖက်ပါရင် ဂျေးကိုယ့်စိတ်ကိုယ်အသိဆုံးဖြစ်၍ အယဉ်ကျေးဆုံးနှင်လွှတ်မိသည်...

𝙷𝚘𝚗𝚎𝚢 // 𝙳𝚘𝚞𝚋𝚕𝚎 𝙹Where stories live. Discover now