Unicode
ဝိုးတဝါးရယ်နှင့် လေတိုးသံလေလားမသဲကွဲသောအသံတစ်ချို့ဟာ စူးစူးဝါးဝါးကျယ်လောင်လာတဲ့အခါ မျက်တောင်ရှည်တို့ဖြင့်ခြံရံထားသော မျက်ဝန်းဝိုင်းဝိုင်းတွေဟာ ဖြေးဖြေးချင်းပွင့်၍လာသည်...။
တစ်ကိုယ်လုံးအားအင်မရှိသယောင်ခံစားရ၍ ရီဝေသောခံစားချက်ဟာနောက်တကြိမ်ပြန်အိပ်ဖို့တွန်းအားဖြစ်စေသည်..
လက်ဖဝါးမှအနွေးဓာတ်အားခံစားမိတဲ့အခိုက်အတန့်မှာ အားယူ၍ လေးလံသောမျက်ဝန်းတွေအားဖွင့်ကြည့်ရာ ယဲ့ယဲ့ပြုံးမိသည်..လက်ချောင်းသွယ်ချင်းယှက်ထားသောထိုလက်ပေါ်ခေါင်းမှောက်ထားသောသူဟာ ပင်ပန်းနေရှာရော့ပေါ...။
အနည်းငယ်မျှ လက်ချောင်းလေးတွေကိုထိခတ်တဲ့အခါ လှုပ်လှုပ်ရှားရှားဖြစ်သောလူသားဟာ နူးညံ့သောအပြုံးနုဖြင့်ငေးကြည့်လေသည် ပါးပြင်ပေါ်ထိခတ်လာသော လက်ရဲ့အထိအတွေ့ကြောင့် ထိုလက်ပေါ်ကိုဖွဖွပြန်လည်ဆုပ်ကိုင်ရင်း နဖူးပေါ်သို့ ကျရောက်လာသော အနမ်းနွေးတစ်စအား ကျေကျေနပ်နပ်နဲ့ခံယူမိသည်...။သို့ပေမယ့် အားမရှိအင်မရှိခန္ဓာကိုယ်သည်ကတော့ ပင်ပန်းသောအမှုကြောင့် လှုပ်ရှားခြင်းအားမပြုနိုင်တာက ပြန်လည်အုပ်ကိုင်မိထားသောလက်တွေကသက်သေပင်..။
" ကိုကို့ကလေးလေး အများကြီးပင်ပန်းနေရပီ..."
ဆံနွယ်တွေကိုဖွဖွသပ်လာပေးသော လူရဲ့အပြောတွေဟာနွေးထွေးလှိုက်ဖိုစေပြန်၍ ယဲ့ယဲ့လေးပြုံးမိပြန်ပါသည်...
" ဂျေးရော...."
" သူများကိုစိတ်ပူမနေပဲ ကိုယ့်ဘာသာပဲဂရုစိုက်ပါ ဟွန်းရာ..."
စိတ်ပူပန်စွာဆိုသော ဟီဆွန်းကြောင့် ဖြူရော်နေသေးသော နှုတ်ခမ်းပါးကို ထပ်ကာပြုံးမိ၏။နိုးစထဲက ထိုအမျိုးသားကိုမြင်သည်နှင့် ပြုံးယောင်သမ်းရင်း နာကျင်မှုတွေပျောက်ကွယ်ရသည်.. ဒါကအချစ်ရဲ့ခွန်အား.. စာနှင့်စိတ်ဆိုးစိတ်ကောက်ခြင်းကိုသာ ကောင်းကောင်းလုပ်တတ်တဲ့ဆောင်းဟွန်းအတွက်ဒီလိုစိတ်ကူးယဉ်ဆန်တဲ့နူးညံ့သောအတွေးတွေက ပုံဖော်ဖို့ခက်ခဲသည်..။