Unicode
မှောင်မည်းနေတဲ့အခန်းအတွင်းမှာ လရောင်အားကိုးဖြင့် ပြတင်းပေါက်ဘောင်ပေါ်တက်ထိုင်ကာငေးရတာက ဂျယ်ယွန်းသဘောအကျဆုံးအလုပ်တစ်ခုပင်...
ပြုတ်ကျချိန်မတန်သေးရင်တော့ ဘယ်လိုပဲထိုင်နေပါစေ ပြုတ်ကျဦးမှာမဟုတ်၍ ဂျယ်ယွန်းကတော့ စိတ်ထင်တိုင်းထိုင်နေဆဲပင်...ဆေးသောက်ထားပီး အိပ်ငိုက်လာလို့ပြုတ်ကျတော့လဲ သူ့ဘဝဟာမြန်မြန်ဝဋ်ကျွတ်တယ်မဟုတ်ပါလား...။
ဂျလောက်ခနဲအခန်းတံခါးဖွင့်သံကြောင့် ကောင်းကင်ကိုမော့ကြည့်ရာက အခန်းတွင်းကိုလည်ပြန်လှည့်ကြည့်တော့ ဝင်လာတဲ့လူရိပ်ကိုတွေ့ရသည်..
ဂျယ်ယွန်းဘာမှမပြောပဲအပြင်ဘက်ကိုသာပြန်လှည့်လိုက်သည်..
ဂရေစ့်ကိုသူကြောက်တာထက် ရွံ့ရှာသွားတာဆိုပိုမှန်မည်...
ငယ်ငယ်ထဲက ယုံကြည်အားကိုးခဲ့ရတဲ့ ဂရေစ့်က မာမီစနက်တွေကိုမသိပဲ သူ့တစ်ယောက်အတွက်ပဲလို့ထင်ခဲ့မိပေမယ့် ဟိုရက်က အထင်နဲ့လွဲကာ အမှားကြီးမှားခဲ့သည်..။ဂရေစ့်ကိုယ်တိုင်ကာ ဆေးထိုးကာ အခန်းတံခါးပိတ်ခဲ့သည့်နောက်မှာ ဂရေစ့်နှင့်သူဟာအရင်လို ဆက်ဆံရေးမျိုးမဟုတ်တော့ပေ...
လောကကြီးမှာဂျယ်ယွန်းယုံကြည်နိုင်တဲ့သူတစ်ယောက်မှမရှိအောင် ဘယလို့များဆိုးရွားနေရတာလဲ...
" ယွန်း....မအိပ်သေးဘူးလား..."
" အိပ်ချင်ရင်အိပ်မှာပေါ့...ဘာကိစ္စရှိလို့လဲ.."
" ဘာမှတော့မဖြစ်ပါဘူး...ယွန်းကိုလာကြည့်ပေးတာ..လိုအပ်တာရှိရင် လှမ်းခေါ်နော်...ဂရေစ့်ရှိတယ်.."
" သေလားမသေလား ကြည့်ဖို့စောင့်နေမှာလား.."
အိုးတိုးအမ်းတန်းနှင့်ဂရေစ့်က ဂျယ်ယွန်းရဲ့ချေပစကားမှာ အရှိုက်ထိပုံရကာ ဘာမှထပ်မဆိုတော့ပဲ ထွက်ကာသွားသည်..။
အနောက်ကလိုက်သွားကာ အခန်းတံခါးကိုလော့ချလိုက်ပီးတဲ့နောက်
ပြတင်းပေါက်ဘောင်ပေါ်ကိုပြန်တက်ဖို့ပြင်လိုက်စဉ်မှာ ပြတင်းပေါက်မှ အရိပ်ကြောင့် လန့်၍အော်မိမလိုပင်...