Part - 19

1.1K 182 45
                                    

Unicode

" အထင်လွဲမယ့်စကားတွေတော်လိုက်တော့ ဂျေး..."

ဆောင့်ဆွဲထားသောလက်အား ဆောင့်ဖြုတ်ရုန်းကာ ပြဿနာမစခင်ရှောင်ထွက်ဖို့ ဂျယ်ယွန်းကြိုးစားသည် ။
အရင်ကပြဿနာတစ်ချို့ကို ဆောင်းဟွန်းဆီကကြားရသမျှကြောင့် အရာရာမှာ အရင်ဆုံးနားလည်ပေးနိုင်ဖို့ဂျယ်ယွန်းဘက်ကပဲ ကြိုးစားဖို့ဆုံးဖြတ်သည် ဒါဟာ ချစ်လို့ဆိုတဲ့ခေါင်းစဉ်အောက်ကို မဆီမဆိုင်ဂျယ်ယွန်းဆွဲသွင်းမိတာကတော့ ချွင်းချက်ပေါ့။

ဂျေးရဲ့စိတ်ကိုနားလည်ပေးဖို့ကြိုးစားရတာ ခက်ခဲပေမယ့် အလိုက်သင့်လေးနေထိုင်တတ်ရင် ဂျေးဟာသိပ်ချစ်စရာကောင်းသည် ။

ချစ်တတ်ရင်ဘာဆိုဘာမှသိတော့လူမဟုတ်တဲ့ဂျေးဟာ ထင်တာထက်ကလေးဆန်သည် ။

" ကျွန်တော့်ကိုကြည့် ဂျေး...ကြည့်လို့ "

လက်တွေကိုဆွဲဖြုတ်ကာ ဂျေးရဲ့ပါးနှစ်ဖက်အား လက်တွေဖြင့်ထွေးကာကိုင်ရင်း ဖွဖွသပ်ကာ ခပ်ဆူဆူမျက်နှာအားပြေလျော့စေဖို့ ချော့မြူတဲ့အခါ စူးစူးရဲရဲစိုက်ကြည့်လာသည် ။

" ဘာလို့ အဲ့လို တစွတ်ထိုးစိတ်ကိုထားနေသေးတာလဲ ဟင်...ကျွန်တော်က ဂျေးကိုသိပ်ချစ်တာလေ သိတယ်မလား...."

" မသိဘူး...ကိုယ်မကြိုက်ဘူး.."

" သိပါတယ်....ဒါပေမယ့် ဆောင်းဟွန်းက နေမှမကောင်းတာပဲ......အဲ့တာကို ဂရုတော့စိုက်ပေးရမှာပေါ့..."

အတန်ငယ်ပြေလျော့သွားတဲ့မျက်နှာပေါ်မှာ စောစောကလို အလိုမကျမှုတွေမရှိတော့သော်လည်း တည်တင်းကာ လိုချင်တာမရ၍စိတ်ကောက်သောကလေးပေါက်စနှယ်...။
ခပ်ဖွဖွသိုင်းဖက်ရင်း ဆံနွယ်ဖျားတွေထဲ လက်ထိုးဖွရင်း ငြိမ်သက်စေဖို့ မိနစ်အနည်းငယ်ကြာအောင်အချိန်ယူပီးချိန်မှာ တောင့်တောင့်ရပ်နေသော ဂျေးရဲ့လက်တွေက ကျောပြင်ကိုဖွဖွသိုင်းဖက်လာသည်...

" ကိုယ်ပဲဂရုစိုက်မယ် ဟန်နီက ကိုယ့်ကိုပဲဂရုစိုက်ရင်ဖြစ်တယ်..."

" အဲ့တာဆိုလဲ အခုစားဖို့တစ်ခုခုလုပ်ဦးဂျေး.....ဆောင်းဟွန်းကို ဆေးတိုက်ရအောင်..."

𝙷𝚘𝚗𝚎𝚢 // 𝙳𝚘𝚞𝚋𝚕𝚎 𝙹Where stories live. Discover now