Only One -1

1.3K 71 13
                                    

"ဟေ့ကောင် ရပ်စမ်း

ဟေ့ကောင်တွေ လိုက်ဟေ့"

ဂျောင်ဆူးတစ်ယောက် ကျောင်းကနေအပြန် လူရှင်းနေတဲ့ လမ်းမထက်မှာ အသံကြားလို့လှည့်ကြည့်လိုက်ရာ သူ့ထံပြေးလာနေသော လူကြီးတစ်ယောက်၊ ထိုလူကြီးနောက်ကနောက်ကနေ suit အမည်း တွေနဲ့ ခပ်ထွားထွားလူသုံးယောက်က အော်၍လိုက်ဖမ်းနေသည်ထင်။

ဂျောင်ဆူးလည်း ရုတ်တရက်မို့ကြောင်သွား၍ ရပ်ကြည့်နေမိစဥ◌် တစ်ယောက်ယောက် ဆွဲလိုက်၍ လမ်းကြားထဲရောက်နေမှန်းသတိရလာမှ သူ့ကိုဆွဲသွားတဲ့သူကို လှည့်ကြည့်လိုက်တော့.. ဟင်..ထိုလူကြီး ..။

ဂျောင်ဆူးလဲကြောက်ပြီးအော်ထုတ်မလို့လုပ်နေစဥ◌် ထိုလူကြီးကသူ့ကို အုတ်နံရံမှာကပ်ပီး သူ့နုတ်ခမ်းကို ဖိကပ်နမ်းလိုက်၍ အော်မရတော့ပေ။ ဂျောင်ဆူးလဲရုတ်တရက်ကြောင်သွားပြီးတည်နေမိသည်။ ခဏကြာတော့အသိပြန်၀◌င်လာ၍ ထိုလူကြီးကို တွန်းထုတ်ဖို့လုပ်သော်လည်း သူ့အားနဲ့ဆိုရင် မမျှတာမို့ တွန်းထုတ်မရဘဲဖြစ်နေသည်။

"ဟာကွာ!!! ဒီကောင်တော့ လွတ်သွားပီ တောက်!!!"

သူ့ကိုလိုက်ဖမ်းနေတဲ့လူသုံးယောက်က ကျွန်တော်နဲ့နမ်းနေသည့်သူ့ကိုမမှတ်မိဘူးထင်သည်။ တောက်တစ်ချက်ခေါက်ကာ ဒေါသတွေထွက်နေကြသည်။ ထိုနောက်သူတို့ထဲကတစ်ယောက်ပြောသောစကားကြောင့် ကျွန်တော့်မှာ မျက်နှာတွေပါ ပူလာသည်။ ပြောလိုက်တဲ့စကားက-

"အရေးထဲမှာကွာ..ဒီသောက်ရည်းစား တစ်တွဲကလည်း လာနမ်းနေကြသေးတယ်...Shitt!!!"

ထိုလူသုံးယောက်ထွက်သွားမှ သူ့ကိုလာနမ်းနေတဲ့လူကြီးက သူ့ကိုလွှတ်ပေးလိုက်သည်။

"ဒီမှာ လူကြီး!!!ဘာလို့ကျွန်တော့်ကိုလာနမ်းနေရတာလဲ ကျွန်တော်နဲ့ မဆီမဆိုင်လာဆွဲပီး လာနမ်းနေတယ် သူများရဲ့ first kiss ကြီးကိုကွာ ဘယ်လိုမှန်းလည်းမသိဘူး...ဟူး.."

ဂျောင်ဆူးတစ်ယောက် ရှက်ရှက်နဲ့ ပါးစပ်ကို လက်ခုံနဲ့ဆွဲသုတ်လိုက်ပီး အော်ပစ်လိုက်သည်။ သို့သော်သူ့အရှေ့ကလူကြီးထံမှ ဘာအသံမှမကြားရ၍ မော့ကြည့်လိုက်တော့အရပ်မြင့်မြင့် နားကားကားနဲ့ထိုလူကြီးကသူ့ကိုပြုံးဖြီးဖြီး ကြည့်နေလေရဲ့်။ သူလည်းဒေါသတကြီးနဲ့-

❤❤❤Only One ❤❤❤Where stories live. Discover now