Only One-11

208 36 9
                                    


KS ဆေးရုံကဆင်းပီး Chanyeol တို့အိမ်မှာလာနေလေသည်။ ထိုညက KS ကိုအနားယူခိုင်းပြီး Chanyeol တို့က အိမ်အောက်ထပ်ရှိ ဧည့်ခန်းအတွင်း အစီအစဥ်တွေကိုတိုင်ပင်နေကြသည်။

Sehun နဲ့ Baek ကတော့ပြန်သွားလေပြီ။ Baek ကပင်ပန်းလာလို့ ပြန်သွားခြင်း။ ဆေးရုံကဆင်းခါစကိုး။

Chanyeol ရဲ့ မိဘများကလည်း အနားယူကြလေပြီ။ ကျန်ခဲ့တာက Yixng နဲ့ Junmyeon တို့အတွဲရယ်၊ Minseok နဲ့ Jongdae တို့အတွဲရယ်ပင်။

Yixing"ကဲ Yeollie ဘာဆက်လုပ်မှာလဲ"

Chanyeol အဖြေပြန်မပေးသေးဘဲစဥ်းစားနေတုန်းပင်။ ခဏကြာတော့

"ငါအကြံရပီ"

Chanyeol ရဲ့အကြံကိုသူ့သူငယ်ချင်းတွေနားစွင့်နေမိ၏။

"ဒီလိုလုပ်ပါလား Kyung Sooကို ကျန်းကျန်းမာမာရှိနေကြောင်းသတင်းတွေလွှင့်လိုက်၊ ပြီးတော့ ဆေးရုံမှာမဟုတ်ဘဲ အိမ်မှာပဲ့နေကောင်းကျန်းမာနေတယ်လို့ မီဆိုရာရဲ့ လက်အောက် မှာလည်းမဟုတ်ဘူးလို့လေ"

"နားလည်ပါပီ"

"အားကိုးတယ်Yixing"

"အချင်းချင်းပဲ့လေ"

Chanyeol နဲ့ Yixing အပြန်အလှန်ဆွေးနွေးနေပေမဲ့ နဲဘေးက Junmyeon ရယ်၊ Jongdae ရယ်နဲ့ Minseok ရယ်မှာတော့ အတွေးပေါင်းများစွာဖြင့် ငြိမ်နေကြလေသည်။
တကယ်တော့သူတို့သူငယ်ချင်းတွေကလည်း သူ့နေရာနဲ့သူတော်ကြပါတယ်။

Chanyeol ကတော့ Boss အကြီးစားပေါ့။ Yixingရောပေါ့။ Junmyeon ကတော့ တီထွင်မှုအပိုင်းတွေတော်တယ်၊ ဉာဏ်လည်းအတော်ကောင်းတယ်၊ Jongdae ကတော့တိုက်ခိုက်မှုအပိုင်းပေါ့၊ Sehunကတော့Chanyeol အနားမှာပဲ့အလုပ်လုပ်နေပေမဲ့ သူလည်း အရည်အချင်းရှိပါတယ်။ Minseokကတော့ဆေးရုံအုပ်ပေါ့။
အကုန်လုံးကတော့ အထက်တန်းအလွှာကပေါ့။

"Minseok မင်းရဲ့ဆေးရုံကိစ္စအတွက်ငါအားနာပါတယ်နော် ပြန်ရှင်းပေးပါ့မယ်"

Chanyeol စကားကြောင့်Minseok ငြိမ်နေရာမှ လှည့်လာသည်။

"မလိုပါဘူးကွာအဆင်ပြေပါတယ်.

"ကျေးဇူးကွာ"

ဒီလိုနဲ့သူတို့တိုင်ပင်စရာရှိတာတွေတိုင်ပင်ပြီး အစီအစဥ်ချလိုက်ကြသည်။ မီဆိုရာကိုထောင်ထဲထည့်ဖို့ပေါ့။
.
.
.
.

❤❤❤Only One ❤❤❤Where stories live. Discover now