Chanyeol's pov:ချယ်ယွန်းဂျယ်ပြန်ရောက်လာပြီ?:
Chanyeol ကမိခင်မှလွဲ၍ ကျန်တဲ့မိန်းကလေးများကို စိတ်မဝင်စားတော့ခြင်း၊ မယုံတော့ခြင်းမှာ ချယ်ယွန်းဂျယ်ကြောင့်ဖြစ်သည်။
တကယ်တော့ Chanyeol နဲ့ ချယ်ယွန်းဂျယ်က အထက်တန်းတုန်းကချစ်သူတွေဖြစ်ခဲ့ကြတယ်။ တစ်ဆက်တည်းမှာ သူတို့နှစ်ယောက်က ထိုကျောင်းရဲ့ King နဲ့ Queen လည်းဖြစ်ခဲ့ကြတယ်။ Chanyeol ကချယ်ယွန်းဂျယ်ကိုစသဘောကျပြီး လိုက်ခဲ့ရတာ တစ်လတိတိ။
Chanyeol ကအချစ်ကြီးတော့ ချယ်ယွန်းဂျယ်ကိုအရမ်းချစ်မိသွားတယ်။ သူတို့ချစ်သူနှစ်ယောက်ရဲ့ ဘဝက အထက်တန်းကနေ တက္ကသိုလ်နောက်ဆူံးနှစ်မတိုင်ခင်သည်အထိ သာသာယာယာ။ သူတို့ကိုနှစ်ဖက်မိဘကလည်းသဘောတူခဲ့သည်။ သို့ပေမဲ့ တက္ကသိုလ်နောက်ဆုံးနှစ်မှာ ချယ်ယွန်းဂျယ်က လမ်းခွဲစကားပြောလာသည်။
သူ့မှာအိမ်မက်တွေရှိသေးသည်တဲ့။ အခုလိုပေါ့ပျက်ပျက်မနေချင်ဘူးတဲ့လေ။ဒါဆိုသူကရော ပျင်းစရာအတော်ကောင်းနေတာပေါ့လေ။
Chanyeolအဲတုန်းက အတော်ခံစားခဲ့ရသည်။ သူ့ကိုအရမ်းချစ်လှပါတယ်ဆိုသောကောင်မလေးက သူ့အစား အိမ်မက်လမ်းကိုပဲ့ ရွေးသွားခဲ့ကာ U.S. သို့ထွက်သွားလေခြင်း။ ပြောခဲ့တာတော့ သူနာမည်ကြီးချင်ပါတယ်။ သူပြန်လာတဲ့နေ့ကိုစောင့်နေပါနော်တဲ့။
ကတိအတိုင်းChanyeol စောင့်နေခဲ့သည်။ သို့ပေမဲ့ ကတိစဖျက်သူကချယ်ယွန်းဂျယ်ပင်။ U.S.မှာနေပြီး ချစ်သူရသွားတာတဲ့။ သတင်းတွေကနေတစ်ဆင့်ကြားလာရသည်။ ထိုမှ Chanyeol ရင်လည်းနာသလို၊ မိန်းမတွေကိုစိတ်နာခဲ့သည်။ အချစ်ကြီးတဲ့Chanyeol အတွက်အတော်ကို ခံစားခဲ့ရသည်။
ထိုသတင်းထွက်ပြီး ၅လလောက်အထိ Chanyeol အလုပ်ကိုမသွားဘဲ အိမ်မှာပဲ့ အရက်ကြီးသောက်ကာ နေသည်။
စိတ်ကျရောဂါတွေရောဖြစ်ကာ အိပ်ယာထဲလှဲ။ Chanyeol ၏မိဘများလည်း ချယ်ယွန်းဂျယ်ကိုအမြင်မကြည်တော့ပေ။ ချယ်ယွန်းဂျယ် ၏မိဘမှားနဲ့လည်းအဆက်အသွယ်မရှိတော့ပါ။ ထိုနောက်ပိုင်းမှစကာ မိခင်ဖြစ်သူမှ လွှဲ၍ ကျန်သောမိန်းကလေးများကို မယုံကြည်တော့ပါ။ အတော်ကိုစိတ်နာသွားခဲ့သည်လေ။