"ဒုန်း!!!"
တံခါးဖွင့်သံကြမ်းကြမ်းကြီးကြောင့် KS လှဲနေရာမှ ဇတ်ကနဲ ထထိုင်မိသွားသည်။ ထိုသူတွေကတော့ သူ၏ နှစ်ယောက် မရှိ သူငယ်ချင်းကြီး Beakkie ရယ်ပါ။
"Do Kyung Soo!!"
"အယ်.. Baekkie..ဘယ်လိုလုပ်..??"
KS မှာမျက်နှာချိုသွေးနေရသည်။ သူ့သူငယ်ချင်းအကြောင်းသူအသိဆုံးပင်။ အခုလည်းကြည့်ပါ သူ့ကိုလေးနှစ်လုံးအဆက်အသွယ်မလုပ်ခဲ့တာမို့ စိတ်ဆိုးနေမည်မှာအမှန်။
"Do Kyung Soo မင်းနေနိုင်တယ်ပေါ့ဟုတ်လား.ဟမ်! ငါ့မှာကျတော့ လေးနှစ်လုံးလုံးမင်းကို အရူးမီးဝိုင်းလိုရှာခဲ့ရတာ၊ မင်းမပေါ်လာချင်ပေမဲ့ မင်းရဲ့သူငယ်ချင်းကိုတော့ ဂရုစိုက်ပါဦး..။ ငါကမင်းထင်သလောက် ညံ့တဲ့လူစားမျိူးမဟုတ်ဘူးကွာ..အဲတာကိုမင်းသိထားစမ်းပါ.!!"
KS သိတာပေါ့ သူ့သူငယ်ချင်းသူ့ကိုဘယ်လောက်စိတ်ပူနေမလဲဆိုတာ၊ အခုလည်းကြည့်ပါ။ ဒေါသတကြီးနဲ့ပြောနေပေမဲ့ မျက်လုံးအိမ်မှာတော့ မျက်ရည်တွေဝေ့သီလျက်။
"Baekရား..ငါတကယ်ကိုတောင်းပန်ပါတယ်..တကယ်ကိုပါ..ဟင့်.."
KS ရှိုက်သံပါထွက်လာမိသည်။ သူ့ကိုယ်သူလည်းအပြစ်တင်မိလျက်ပေါ့။ သူဘကိုအရမ်းချစ်တဲ့သူတွေ စိတ်ပူတဲ့သူတွေရှိရက်နဲ့၊ သူက ဒီလိုလူတွေဆီကနေ လေးနှစ်လုံးပျောက်ကွယ်နေခဲ့တာ။ သူတို့ကိုတောင်မစဥ်းစားခဲ့မိတဲ့သူ့ကိုယ်သူသာအပြစ်ဖို့ပီး ကုတင်ပေါ်ဒူးနှစ်ချောင်းထောင်ကာ ခေါင်းကိုဒူးပေါ်အုံ့ရင်း ေတာင်းပန်းကားတဖွဖွဆိုကာ ငိုနေလေရဲ့။
"အစကတည်းကတောင်းပန်မယ်ဆိုရင် ပြန်မလာနဲ့ပေါ့၊ Kyung Soo ရားမင်းကိုငါတကယ်ဒေါသထွက်တယ် "
Baek အဲလိုပြောလိုက်ပေမဲ့ သူ KS ကိုဘယ်လိုဒေါသထွက်ရက်ပါ့မလဲ။ အရင်ကတည်းက သူ့အပေါ်အနစ်အနာခံပေးတဲ့သူငယ်ချင်း။ ဆိုးရင်လည်း ငြိမ်ခံပေးသောသူငယ်ချင်းပါ။ ဒါပေမဲ့ အခုလို လေးနှစ်ကြီးပျောက်ကွယ်သွားတော့ သူနဲနဲစိတ်တိုတာပေါ့။
"Baek..Baek.. ငါ...ငါလေ.."
"တော်ပီ Kyungsoo မပြောနဲ့တော့ စိတ်ချငိုလိုက်ပါနော်"