"အားးးးး"
ဟင်အော်သံ။ ဘယ်လိုဖြစ်လို့လဲ။
"ကလေးဘာဖြစ်လို့လဲ ကလေး"
"ထွက်သွားကျတော်အရှေ့ကထွက်သွား"
မေးတာကိုပြန်မပြောဘဲ သူ့ကိုအပြ်ငသာထွက်သွားခိုင်းနေသည်။ ကလေးက တစ်ခါမှဒီလိုစိတ်မဆတ်ဖူးပါ။ ကလေူတွန်းထုတ်တော့အပြင်ထွက်ရသည်ပေါ့။
ဖြစ်ပုံက နေ့လည်က သူCompanyမှာအလုပ်လုပ်နေတုန်း ကလေးရဲ့အတွင်းရေးမှူးဆီက ဖုန်းလသည်။ ကလေးက အစည်းအဝေးခန်းမှာမေ့လဲလို့တဲ့လေ။
Companyချင်းမတူတော့ အမြန်လိုက်သွားဖို့ပြင်ရသည်။ ကလေးကိုတော့ အိမ်ကိုပဲ့ပြန်ခေါ်ဆောင်ခိုင်းလိုက်သည်။ သူလည်းအိမ်ဆီကိုပဲ့ အမြန်ပြန်ရသည်ပေါ့။
သူ့ရောက်တော့ မိသားစုဆရာဝန်ကပြန်သွားပြီ။ ကလေးကလည်း အိပ်ပျော်နေတုန်း။ သမီးလေးကလည်းကျောင်းမှာဆိုတေ့ တော်သေးသည်။ ဒါကြောင့်သူလည်း အလုပ်ကိစ္စနဲ့ပင်ပန်းနေတာမို့ ကလေးကိုထိုင်စောင့်ရင်း ကုတင်နံဘေးမှာအိပ်ပျော်သွားသည်။
အိပ်နေရင်းကလေးအော်သံကြောင့်နိုးလာရကာ သူမေးတာကိုလည်းမဖြေဘဲ သူ့ကိုအပြင်ကိုအတင်းတွန်းထုတ်နေသည်။
ဘာဖြစ်လို့လဲဆိုတာမေးဖို့ပင်။ ခက်တာကမေးလို့မရ။ အော်အတွင်းရေးမှူးရှိသေးတာပဲ့။
ကလေးရဲ့အတွင်းရေးမှူးကိုဖုန်းဆက်ခေါ်တော့လည်းမကိုင သးစိတ်ညစ်လာရသည်။ နောက်ဆုံး မိသားစုဆရာဝန်ဆီကိုပင်ကားမောင်းပြီးသွားရသည်။ ကလေးကိုစိတ်မချပေမဲ့လည်း သွားရမည်။
ကလေးကသူ့ကိုအော်ထည့်လိုက်ကတည်းက အိမ်တော်ထိန်းတို့ အလုပ်သမားတို့မှာ ပျောက်လို့။ တကယ်လည်းကြောက်ကြတာပဲ့။ မိသားစုဆရာဝန်ဆိုတာလည်းအခြားမဟုတ် Minseok ဆိုသောသူငယ်ချင်းကြီးပင်။
.
.
.
.
"ဘာ!!""ငါ့နားပင်းမယ်ကွာ ဖြေးဖြေးအော်ပါ"
"တကယ်ပြောနေတာလား"
"အေးပါဆိုကွာ..မင်းဟာလေးမှာ ကိုယ်ဝန်၂ပတ်ရှိနေပြီ"
သူပျော်လာဆိုတော့ ပျော်ပါတယ်။ ဒါပေမဲ့ကလေးကထပ်နာကျင်ရမှာပဲ့။ အရှေ့တစ်ခါမွေးတုန်းက ကလေးစိတ်တိုင်းကျဆိုပေမဲ့ တစ်ခါပဲ့မွေးမယ်လို့ပြောခဲ့ဖူးသောစကားကလည်း ကလေးစကားပင်။ နာကျင်မှာပဲ့ကလေးရာ။