တီ....တီ.....တီ....
ဆေးရုံ VIP အခန်းထဲရှိ ကုတင်နံဘေးမှာ ရှုပ်ယှက်ခပ်နေသော ဆရာဝန်တွေနဲ့ သူနာပြုတွေ။ အခန်းအပြင်မှာတော့ စိတ်ပူနေသောကောင်လေးတစ်ယောက်နဲ့မိသားစုတစ်ချို့။
ထိုကောင်လေးက အခန်းထဲသို့အတင်းဝင်ဖို့ကြိုးစားနေသည်။ သို့ပေမဲ့ဝင်မရသောကြောင့် အရုပ်ကြိုးပြတ်ငိုနေသည်။ ထိုစဥ်ပွင့်လာသောVIP အခန်းတံခါး.."Doctor သူ..သူအခြေ အနေလေးပြောပြပေးပါလား"
Chanyeolမေးမိသည်။ သူငိုချင်နေတာတော့အရမ်းပဲ့။ ဘာမှမဖြစ်ပါစေနဲ့လို့ပဲ့ဆုတောင်းနေမိသည်။ သို့ပေမဲ့ပြောလာတဲ့ထို ဆရာဝန်ရဲ့စကားက Chanyeolရဲ့ရင်ကိုအစိမ်းလိုက်ခွဲလိုက်သလိုပင်။
"ဦးနှောက် သွေးယိုစိတ်မှုဖြစ်နေလို့ခွဲစိတ်ခန်းဝင်ရပါမယ်"
ထိုစကားကြားပြီးချင်း Chanyeolခွေကျသွားသည်။ ခေါင်းတွေလည်းအဆက်မပြတ်ထိုးကိုက်လာကာ လောကကြီးနဲ့အဆက်ပြတ်သွားလေသည်။
.
.
.
.
"လူကြီးနှုတ်ဆက်ခဲ့ပါတယ်.""ကလေး..ကိုယ့်ကိုမထားခဲ့နဲ့လေ"
"ကျွန်တော်သွားတော့မှာပါ ဒီမှာတင်နှုတ်ဆက်စကားပြောခဲ့ပါတယ်"
"ကလေး...ကလေး.."
"ကလေး!!!"
"သား..Chanyeol"
အိပ်မက်ကနိမိတ်မကောင်းဘူး..ကလေး...ကလေးကရော
"Omma Kyung...Kyung Sooကလေကျွန်..ကျွန်တော့်ကို..ထားခဲ့တယ်"
Chanyeolပြောပြီး အမေ့ရင်ခွင်ထဲငိုနေမိသည်။
"အော်သားရယ်...ေလျှာက်မတွေးနဲ့ဟုတ်ပြီလား သားငယ်က ခွဲစိတ်ခန်းထဲကပြန်ထွက်လာပြီ..ဟိုမှာကြည့်လေကုတင်ပေါ်မှာ"
Omma ပြောတော့မှ Chanyeolအခုမှ အခန်းထဲကိုကြည့်မိသည်။ သူ့ကုတင်ရဲ့ဘေးဘက်မှာ KSကုတင်။ အလှမ်းဝေးတော့သတိမထားမိလိုက်တာလေ။ ထိုမှ ကုတင်ပေါ်က ဝရုန်းသုန်းကားပြေးဆင်းကာ ချစ်ရသူဆီ။
Chanyeolကလေးကိုကြည့်ကာနောက်တစ်ဖန်မျက်ရည်ကျပြန်သည်။ ပါးစပ်မှာလည်းအောက်စီဂျင်ပိုက်နဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း ကြိုးတွေနဲ့ရှုပ်ရှက်ခတ်လို့။ ဖြစ်နိုင်ရင်သူသာအစားဝင်ခံစားပေးချင်သည်။