Chanyeol အခန်းအတွင်း အရက်ကိုသာ လှိမ့်သောက်မိနေသည်။ ထိုစဥ်ဘယ်ကနေရောက်လာမှန်းမသိသော ချယ်ယွန်းဂျယ်။
Chanyeol ဂရုစိုက်မနေပါ။
Chanyeol မသိခင်မှာ ချယ်ယွန်းဂျယ်က Chanyeol ရဲ့ဖုန်းကိုယူကာ ထိုကောင်လေးလို့ထင်ရတဲ့ Chanyeolရဲ့ Ph contect name တစ်ခုက "baby💗"တဲ့။သူမထိုဖုန်းနံပါတ်ဆီကို Message ပို့လိုက်သည်။ ဤသည်အထိ သတိမထားမိသော Park Chanyeol ရယ်ပါ။
ထိုနောက်ဖုန်ူကိုနေရာတကျထားလိုက်ကာ ကောင်တာသို့ ကိုယ်ပိုင်ဖုန်းနဲ့ဖုန်းဆက်မှာလိုက်သည်။ ထိုကောင်လေးလာရင်ဖုန်းဆက်လိုက်ဖို့။
ပြီနောက် သူမ Chanyeol နားမှာနေကာ ပွတ်သီးပွတ်သံလုပ်နေသည်။ ဤသည်ကို Chanyeol တစ်စက်မှမကြိုက်။
္"မင်းဘာဖြစ်နေတာလဲချယ်ယွန်းဂျယ်!..ဟမ်!.မင်းကြောင့်ငါ့ကလေးငါ့ကိုအထင်လွှဲသွားပြီ..မင်းသောက်ရှက်မရှိဘူးလား မိန်းကလေးဖြစ်ပြီးတော်..ဟမ်!"
Chanyeol ဒေါသတကြီးအော်လိုက်ပေမဲ့ ချယ်ယွန်းဂျယ်ကမကြောက်သည့်အလား။
ထိုစဥ်နံဘေးမှသူမဖုန်းလာသံကြောင့် သူ့အနားမှခွာကာ ဖုန်းပြောနေလိုက်သည်။ ဘာတွေပြောနေလည်းဆိုတာ သူမသိ။ ဂရုလည်းမစိုက်ချင်တာမို့..အေးဆေးသာနေလိုက်လေသည်။
ခဏအကြာသူ့အနားပြန်ကပ်လာပြန်သည်။ Chanyeol ကျစ်တစ်ချက်စုတ်သပ်ရင်း အရက်သာသောက်နေသည်။ ခဏအကြာတံခါးဖွင့်သံကြားလို့မော့ကြည့်ဖို့အလုပ်..သူ့မျက်နှာကဆွဲလှည့်ကာ နမ်းခြင်းခံရလေသည်။ Chanyeol ကြောင်အမနေဘဲတွန်းထုတ်ဖို့အလုပ် တခါးကိုအကြမ်းတမ်းပိတ်ကာ ပြေးသွားသော အရိပ်ကလေး။ တစ်နည်းအားဖြင့် သူ့ကလေး။ သွားပြီအထင်လွှဲပြီ။
Chanyeol ချယ်ယွန်းဂျယ်ကိုအကြမ်းကြီးတွန်းချလိုက်တာကြောင့် သူမခေါင်းက စားပွဲစောင့်နဲ့ စောင့်မိကာ သွေးပင်ထွက်လာလေသည်။
Chanyeolမှာတော့သူမကိုထားခဲ့ကာထွက်သွားလေပြီ။
ချယ်ယွန်းဂျယ် Pov:ေနာက်ဆုံးတော့ ငါပဲ့ရှုံးသွားတာပါလား..ကောင်လေးရေ မင်းChanကိုပျော်အောင်ထားနိုင်မယ်လို့မျှော်လင့်ပါတယ်...Chanငါနင့်ကိုပြန်လာတောင်းပန်မှာပါ..ဟိုကောင်လေးရောပဲ့..ငါထွက်သွားပေးပါ့မယ်နော်: