သမီးကိုကြိုချိန်ရောက်နေတော့ သမီးဖြစ်သူကိုအရင်ကြိုပြီး ommaတို့ဆီပို့ထားလိုက်သည်။
ommaကလည်းဘာဖြစ်လဲလို့မေးတော့ အစအဆုံးအကုန်ပြောပြလိုက်ရာ သားဖြစ်သူဖက်မှာနေပေးမည်ထင်နေလားဆိုတာအမှား။ ဘာတဲ့ပြောလိုက်သေးတာ..
"ဆင်ခြင်တုံတရားမရှိတာနည်းသေးတာ"တဲ့လေ။
"မြေးနောက်တစ်ယောက်ထပ်ရတာကိုပျော်ပေမဲ့ ငါ့သားမက်လေးကိုသနားတယ်"တဲ့။ သားအရင်းကိုရောမသနားဘူးတဲ့လား။ အထုခံရတော့မှာလေ။
သမီးလေးကတော့အလိုက်သိစွာအဘွားအိမ်မှာပဲ့အိပ်မည့်အကြောင်း appaကိုသေချာချော့ပါကြောင်း မှာလိုက်သေးသည်။ တကယ့်အတတ်လေး အဲ့လိုဆိုတော့လည်းသူစိတ်ချမ်းသာရပါရဲ့။
သူအိမ်ကိုပြန်ရောက်လေတော့ နေ့လည်သွားတုန်းကအတိုင်းအိပ်ခန်းထဲက မထွက်လာသေးသောကလေးအဖေပေါက်စလေး။
သူလည်းအလိုက်သိစွာ ညစာတွေပြင်ဆင်နေလိုက်သည်။ ပြီးတော့ အောက်ထပ်ကရေချိုးခန်းမှာပဲ့ ရေချိုးအဝတ်အစားလဲကာ ကလေးကိုခေါ်ထုတ်ရန်အပေါ်ထပ်သို့တက်လာလိုက်သည်။
"ဒေါက်."
ပထမအကြိမ်တံခါးခေါက်ရာ တုံ့ပြန်သံမကြားရ။
"ဒေါက်"
ဒုတိယအကြိမ်လည်းတုံ့ပြန်သံမကြားရ။ အိပ်နေလို့ဖြစ်မည်ဟုထင်ကာ သူ့မှာရှိတဲ့သော့အပိုတစ်ချောင်းနဲ့ အိပ်ခန်းတံခါးကိုဖွင့်လိုက်သည်။
ထင်သည့်အတိုင်းနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသောကလေး။ အိပ်ယာနံဘေးမှာလည်း ready made မုန့်ထုပ်လေးတွေနဲ့ အခွံတွေရော။ ဗိုက်ဆာလို့သမီးရဲ့မုန့်ကိုယူစားထားတာဖြစ်မည်။ ချစ်စရာလေးပင်။
အကြာကြီးအိပ်ရင် ခေါင်းမူးမှာစိုးလို့ အထုခံရလည်း ခံရပါစေဆိုကာ နှိုးလိုက်သည်။
"ကလေး...ဘေဘီထတော့ ခေါင်းမူးမယ် အကြာကြီးအိပ်ရင် ထနော်လိမ္မာတယ်"
"အင်း..."
သူနိုးလေတော့မပွင့်တပွင့်မျက်လုံးလေးနဲ့ သူ့ကိုကြည့်နေသည်။ ခဏအကြာတော့ဘာကိုသတိရလာသည်ထင်လဲမသိ ဆတ်ခနဲထထိုင်လာသည်။